Part-2

125 8 4
                                    

(Unicode)

"ရှင်းရှင်း....အောက်ကိုခနဆင်းလာခဲ့စမ်း!"

မာမား၏‌အော်သံ....ဘာကိစ္စ‌ပြောမလဲဆိုတာကို‌တော့ မိမိလည်းမသိ...

"လာပြီ မာမား"

‌အောက်ထပ်‌ရောက်‌တော့ ပါပါးနဲ့မာမားက ဧည့်‌‌ခန်းတွင် ရေ‌နွေးကြမ်း‌သောက်ရင်း အ‌ကြောင်းအရာတစ်ခုခုကို တိုင်ပင်‌ဆွေး‌နွေး‌နေဟန်ပင်....ပါးပါးက....

"ရှင်းရှင်း....သားနိုင်ငံခြားမှာ ‌‌ကျောင်းသွားတက်ချင်လား...အ‌ဝေးကြီးကိုမဟုတ်ရင်‌တောင် နီးနီးနားနား ထိုင်းနိုင်ငံမှာဆိုရင်‌ကော..."

ပါပါး‌ပြောချင်တာကို ကျွန်‌တော်နားလည်သည်...ခုချိန် မြန်မာနိုင်ငံမှာက ကိုဗစ်‌ရောဂါပြန့်ပွားနှုန်း အမြင့်ဆုံးဖြစ်‌နေချိန်...‌ကျောင်းလဲ‌‌တော်‌တော်နဲ့ ပြန်ဖွင့်နိုင်မည်မဟုတ်...ထို့‌ကြောင့်ပင်

"သားလဲစဥ်းစားနေတာပါပါး...သားကျောင်းကလည်း တော်တော်နဲ့ပြန်မဖွင့်လောက်ပူး အချိန်လဲပုတ်မှာဆိုးတယ်....ဘန်ကောက်လောက်ဆိုရင်တော့ အဆင်ပြေမယ်ထင်တယ် ပါး"

( ၆ လပိုင်း ၂၀၂၀ ခုနှစ်တုန်းက အခြေအနေကိုရေးထားတာပါနော်...)

"ဒါပေမဲ့ ရှင်းရှင်းကို စိတ်ချရပါ့မလား အစ်ကို‌ရေ..သူက အိမ်နဲ့တစ်ခါမှ ခွဲနေဖူးတာမဟုတ်ပူးလေ..."

မားက ပါးကို အစ်ကိုဟုသာ ‌‌ခေါ်‌လေ့ရှိသည်...

"မာမားကလည်း သားအသက်က ၁၈ နှစ်ထဲ ဝင်နေပါပြီနော်....တကယ်လို့ မားကိုအရမ်းလွမ်းလို့ရှိရင် လေယာဥ်နဲ့ပြန်‌ပြေးလာမှာပေါ့.. ဟုတ်ဖူးလား ပါး"

"ဟားဟားဟား....ရတာပေါ့ ငါ့သားရဲ့"

မားက မျက်စောင်းထိုးကာ သည်သားအဖက တစ်ကယ်ကို မနိုင်ပူးဟူသောအကြည့်ဖြင့် ခေါင်းသာရမ်းနေ၏....

"အဲ့တာဆို Bangkok မှာ သားကျောင်းတက်ဖို့အတွက် စုံစမ်းလိုက်မယ်နော် ပါး"

"အေအေ.....ဟုတ်ပြီသား"

အဲ့ဒီလိုနဲ့ ကျွန်‌တော်လည်း ဘန်‌ကောက်မှာ‌ကျောင်းတက်ဖို့ အ‌ကြောင်းဖန်လာ‌တော့သည်...ဒီအ‌ကြောင်းကို ကျွန်‌တော့်သူငယ်ချင်းနှစ်‌ယောက်ဆီ ‌‌ပြောပြရအုံးမည်...

I Only Love U!Where stories live. Discover now