part-6

69 7 2
                                    

(Unicode)

ရှင်းရှင်း ခန့်သူရိန်နဲ့ တစ်ကျောင်းလုံးကိုလှည့်ပတ်ကြည့်ပြီး အဆောင်ပြန်ရောက်တော့ (၆) နာရီတောင်ထိုးနေပြီဖြစ်သည်....ခန့်သူရိန်ပြောတော့ မနက်ဖြန်ကျောင်းထဲမှာ ညစျေးရှိသည်တဲ့....အဲ့တာနဲ့ မနက်ဖန်ညမှ ညစျေးသွားကြည့်အုံးမည်...ခန့်သူရိန်က အားကစားသွားလုပ်ဖို့ခေါ်သေးသည်...ဒါပေမဲ့ ဒီနေ့ တစ်နေကုန်လမ်းလျှောက်ထားရတာဆိုတော့ ဘယ်မှမသွားချင်တော့...မာမားတို့ကိုဖုန်းခေါ်ရအုံးမှာပဲ....မေ့တော့မလို့....

"Hello မာမား...နေကောင်းပါတယ်နော်..."

"အမလေး....ခုမှပဲ ဖုန်းဆက်ဖော်ရတယ်နော်...ပြောပါအုံး အဆင်ပြေလားရှင်းရှင်း ဒီနေ့ဘာတွေလုပ်ခဲ့လည်း..."

မာမားနှင့်ကျွန်တော်သည် သားအမိလိုလည်းပေါင်း၊ သူငယ်ချင်းလိုလဲပေါင်းသည်...

"ပြေတယ် မား...ဒီနေ့မနက်တုန်းက သားရဲ့စီနီယာနဲ့ သွားတွေ့တာ...P က မြန်မာလိုလည်း နဲနဲပြောတတ်တယ်...ပြီးတော့သဘောလည်းကောင်းတယ်ရယ်"

"ဒါဆိုအဆင်ပြေတာပေါ့...ခုကအများနဲ့နေရတာဆိုတော့ အခန်းဖော်တွေနဲ့လည်း တည့်အောင်နေအုံးနော် ကြားလား"

"ဟုတ် မား...သားအခန်းဖော်တွေ သုံးယောက်လုံးထိုင်းတွေပဲ...အကုန်သဘောကောင်းကြတယ်"

"အေအေ...အဲ့တာဆိုလဲပြီးတာပဲလေ...ရေမိုးချိုးပြီး နားလိုက်အုံး"

"ဟုတ်...ပါးကိုလဲ သားဖုန်းဆက်တဲ့အကြောင်းပြောပေးအုံးနော်..."

"အေအေ ဟုတ်ပြီ...အစားပုံမှန်စား၊ ကျန်းမာရေးလဲဂရုစိုက်နော် ကြားလား..."

"ဟုတ် မား...Bye"

မားကိုဖုန်းပြောလို့ပြီးတော့ အခန်းဖော်တွေနဲ့ စကားပြောဖို့ကြံရသည်...မနေ့ညက အိပ်ချင်လွန်းလို့ ဘာမှသိပ်မပြောလိုက်ရပူးမလား...ကြည့်လိုက်တော့မှ တစ်ယောက်က ဂိမ်းဆော့နေပြီး နောက်နှစ်ယောက်ကတော့ ဖုန်းသုံးနေသည်...ကျွန်တော်ကပဲ စပြီး

"Hi. . . ငါမနေ့ညက မင်းတို့နဲ့သေချာစကားမပြောလိုက်ရဘူး အရမ်းအိပ်ချင်နေလို့ ဟိဟိ"

I Only Love U!Where stories live. Discover now