Part-3

89 6 8
                                    

(Unicode)

At Greatest Bangkok Internationl University:

နောက်တစ်ပတ်ဆိုရင် Summer program ပြီးလို့ First sem တောင် စတော့မည်ဖြစ်သည်...ခုလိုချိန်က ဒုတိယနှစ် စီနီယာကျောင်းသားတွေအဖို့ အလုပ်အများဆုံးအချိန်...ကျောင်းသားသစ် ဂျူနီယာလေးတွေကို Fresher welcome လုပ်ပေးဖို့ အစကနေအဆုံးထိ စီစဥ်ပေးရသည်...Major King & Queen ရွေးတာကအစ ဖျော်ဖြေပွဲအတွက် Band club ငှားတာတို့ Dance club ငှားတို့အဆုံး အကုန်လုပ်ပေးရသည်.....

"ဟေ့ကောင် Songkarn...မင်းငါတို့ကို ဖုန်လေးတောင်မဆက်ပူးနော်...ဘာလဲ ကောင်မလေးရနေပြီလား...."

Sun က ဖုန်းဆက်လာသည်....

"မဟုတ်ပါဘူးကွာ...ဒီမှာ ငါတို့ Major fresher welcome အတွက် အလုပ်တွေရှုပ်နေလို့ပါ...ဒါနဲ့ မင်းရဲ့ Buddy ကကော ဘယ်သူလဲဆို သိပြီလား..."

ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာဆိုရင် Buddy program ဆိုတာရှိပါတယ်...အဲ့ဒါကဘာလဲဆိုတော့ Senior နဲ့ Junior ကို Student ID ကိုကြည့်ပြီး ID တူရင် တစ်တွဲတွဲပေးတာပါ....ကျွန်တော့်ရဲ့ ကျောင်းကတော့ ID (၁၀) လုံးရှိပါတယ်....ရှေ့ဆုံးနှစ်လုံးက ထိုင်းသက္ကရာစ်ခုနှစ်ကို သုံးပါတယ်....ဥပမာ (2020) ဆိုရင် ထိုင်းသက္ကရာစ်ခုနှစ်က (2563) ပါ....ဆိုတော့ Student ID က 63100*****ဆိုပြီးဆယ်လုံးပါ....

ဒီ Buddy program ရဲ့ ရည်ရွယ်ချက်ကတော့ Senior က Junior မသိတာမေးရင် ရှင်းပြရတာပါ...ဥပမာ ခုမှစရောက်မဲ့ မိမိရဲ့ Junior က လမ်းမသိတာတို့၊ ကားမစီးတတ်တာတို့၊ ကျောင်းဆောင်မသွားတတ်တာတို့ဆိုရင် မိမိရဲ့ Buddy ကို ပြောပြရပါတယ်... ကိုယ့်ရဲ့ Buddy ကိုတော့ University website မှာ မိမိရဲ့ Student ID ထည့်ပြီး ရှာလို့ရပါတယ်....တွေ့ပြီဆိုရင် သူ့ကို E-mail ပို့ပြီး အဆင်ပြေလား၊ ဘာညာပေါ့ မေးရပါတယ်....

"အေ့ တွေ့ပြီ...ဟိုနေ့ကငါ ကျောင်း website မှာ ဝင်ရှာလိုက်တာ...ငါ့ Buddy က Mr.Khant Thurain Htut ဆိုတော့ မြန်မာကထင်တာပဲကွ...ဟိုနေ့ကတောင် ငါ mail ပို့လိုက်သေးတယ် ဘာမှတော့ပြန်မပြောလာသေးပူး....ဒါနဲ့မင်းကော တွေ့ပြီလား??"

"ငါတော့ မတွေ့သေးဘူး...သူကျောင်းကို မရောက်သေးဘူးထင်တယ်...နောက်မှဝင်ရှာလိုက်မယ်..."

"အေ့အေ့....အဲ့တာဆိုရင် ဒါပဲနော်...ညမှ Night market မှာတွေ့မယ်..See ya!"

I Only Love U!Where stories live. Discover now