Part-8

49 6 6
                                    

(Unicode)

"ဟို...ဟို...ရပြီထင်တယ်ဗျ...ကျွန်တော် ဗေဒင်သွားမေးကြည့်ချင်လို့...P က ထိုင်းလိုမေးပေးပါလားဟင်...ဟိဟိ"

"ရတယ် Nong. . . လာ လိုက်ခဲ့"

အနောက်မှာရပ်ကြည့်နေတဲ့ သုံးယောက်ကတော့ ကြက်သေသေနေပြီထင်သည်....အသက်တောင် ရှူနေကြရဲ့လားမသိ...သူတို့နှစ်ယောက်ကိုပဲ တစ်လျှောက်လုံးငေးကြည့်နေသည်...

"အမလေးလေး...လုပ်ကြပါဦးဟဲ့....ငါအိပ်မက်များမက်နေတာလား နင်တို့ကော တွေ့လိုက်တယ်မလားဟင်...ခ်ခ်ခ်ခ်"

P'Yin က P'Sun လက်မောင်းကို တဆတ်ဆတ်ရိုက်ရင်းပြောလာသည်...

"အေ ငါလဲမြင်တယ်....အဲ့ဒါ နင်ကဘာကိစ္စနဲ့ ငါ့လက်မောင်းကို အသေလာရိုက်နေတာလဲ...ဟိုကောင် ရှင်းရှင်းပါးကို ညစ်မိလိုက်ကတည်းက ငါ့ကိုရိုက်နေတာ ခုထိပဲ...ငါ့လက်မောင်းလဲ ပုတ်တော့မယ်ဟ"

"အား....ဟိုမှာကြည့်လေ တကယ့်အတွဲတွေကြနေတာပဲ....Ro နေလိုက်ကြတာ....ငါနှာခေါင်းသွေးတွေ လျှံနေပြီလား ကြည့်ပေးဦးဟ....အား...ငါတော့ တကယ်သေပြီ"

"စိတ်ထိန်းအုံး...မိန်းကလေးဖြစ်ပြီးတော့"

"ဟဲ့ မိန်းကလေးမို့လို့ fujoshi ဖြစ်နေတာပေါ့...ယောကျ်ားလေးသာဖြစ်ကြည့်ပါလား...ဟွင်းဟွင်း...."

သူကြိမ်းဝါးနေတဲ့ပုံစံကိုက ကျွန်တော်ပင် ကြက်သီးထမိသည်....

"ထား....ဟိုမှာနှစ်ယောက်သား ဘာသွားမေးနေကြတာလဲမသိပူး...လာသွားရအောင်"

ခန့်သူရိန်တို့တော့ ဒီကိုဘာလာလုပ်တာလည်းမသိ...သူများကျွေးတဲ့ ခွေးစာတွေပဲ ရောက်ကတည်းက စားနေရသည်....ခုထိ.....

"အိုက်ဆတ်....ငါတို့ကိုလည်းမစောင့်ဘူး...နှစ်ယောက်သားဖြစ်နေလိုက်ကြတာများ မမြင်ချင်မှအဆုံး...."

P'Sun ကပြောတော့ P'Yin က လက်မောင်းကိုရိုက်ရင်း....

"ဟဲ့....နင်မကျေနပ်ရင် မောင်လေးခန့်သူရိန်နဲ့ ro ပြလိုက်လေ ....ဘာတုန်း သူများအတွဲကို သွားပြီး မနာလိုနေတယ်....နော် မောင်လေး"

"ဟာဗျာ....P'Yin ကလည်း"

"တွေ့လား....ငါ့မောင်လေးရှက်နေပြီ...Ai Sun လုပ်လိုက်တော့"

I Only Love U!Where stories live. Discover now