Part-9

47 5 12
                                    

(Unicode)

သူတို့စားလို့သောက်လို့ပြီးတော့ ည(၉)နာရီတောင်ထိုးနေပြီဖြစ်သည်...ခုချိန်လောက်ဆို ကျောင်းကားတွေလဲမရှိလောက်တော့...အဲ့ဒါနဲ့ပဲ P'Songkarn က

"Nong. . . . P ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမှရမယ်ထင်တယ်...ဘာလို့ဆို ခုချိန်က ကျောင်းကားတွေ မရှိလောက်တော့ဘူး..."

ကျွန်တော်က အပြင်ဆောင်မှာနေတော့ သွားရေးလာရေးအဆင်ပြေအောင် ဆိုင်ကယ်တစ်စီးတော့ ဝယ်ထားရသည်....

"ဟုတ် P. . . ဒါပေမဲ့ ခန့်သူရိန်ကကော"

"ဟိုကောင် Ai Sun က လိုက်ပို့လိမ့်မယ်...."

"ငါကကော......"

တစ်ချိန်လုံး အစားပဲစားနေသည့် P'Yin ကထပြောလာသည်...

"နင့်ဟာနင်ပြန်ပေါ့....နင့်မှာလည်း ဆိုင်ကယ်ပါနေတာပဲကို"

"ဘာ...!!!!!!"

P'Sun ပြောလိုက်တော့ P'Yin က ထအော်လိုက်ပြီး နင်တို့တွေ စောက်ပိုသိပ်လုပ်တာပဲဆိုတဲ့ အကြည့်နဲ့ အရင်ထပြန်သွားသည်....

"Ai Sun. . . . နင်တို့သွားရင် သွားနှင့်လိုက်လေ...ငါတို့ ပိုက်ဆံရှင်းပြီး လိုက်ခဲ့မယ်"

"Ok"

ပိုက်ဆံရှင်းပြီးတာနဲ့ ရှင်းရှင်းတို့လည်း ဆိုင်ကယ်ရပ်ထားသည့်နေရာကို လမ်းလျှောက်သွားနေရင်း P'Songkarn လက်နဲ့ မတော်တဆ ထိမိသွားသည်....ရင်ထဲမှာ ဒိတ်ခနဲ....ဆိုင်ကယ်တစ်စီးကို နှစ်ယောက်အတူ စီးရတော့မှာဆိုသည့်အသိကြောင့် သိသိသာသာကိုရင်ခုန်နေမိသည်....ဆိုင်ကယ်ရပ်ထားသည့်နေရာကိုရောက်တော့.....

"Nong. . . လာ....P ဆိုင်ကယ်ဦးထုပ်ဆောင်းပေးမယ်"

သူသိသည် ဒီအခြေအနေကို....BL ကားတွေထဲမှာ တခါတလေ သူမြင်ခဲ့ဖူးသည်မဟုတ်လား...ငြင်းလို့လည်းမကောင်းတာနဲ့ပဲ....

"ဟုတ်....P"

ဆိုင်ကယ်ဦးထုပ်မဆောင်ပေးခင် ဒီကောင်ငယ်လေးရဲ့ဆံပင်တွေကို နူးနူးညံ့ညံ့လေး တစ်ချက်သပ်လိုက်မိတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် သူ့ကိုမော့ကြည့်လာသည်....ညဖက်ဖြစ်သော်လည်း လသာနေသောကြောင့် ဒီကောင်လေးရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်....ရှေးလူကြီးတွေပြောခဲ့တဲ့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတာ ကျွန်တော်မြင်မြင်ချင်း ချစ်မြတ်နိုးမိခဲ့ပါသော ကျွန်တော့်အသည်းငယ် ဒီကောင်လေးများပါလား.....

I Only Love U!Where stories live. Discover now