[Part 3]

3.4K 177 0
                                    

ကျွန်မတက္ကသိုလ်တက်တာ ဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်ပြီ။ ဒီတစ်ပတ်အတွင်းအများကြီးဖြစ်ပျက်ခဲ့တယ်။ သိမ့်တို့လေးယောက်နဲ့လဲအများကြီးခင်လာသလို အခုဆိုရင်ဘယ်သွားသွား တပူးပူးတတွဲတွဲဖြစ်နေကြပြီ။ ကျွန်မအတွက်တော့သူတို့လေးယောက်က ဘုရားပေးတဲ့လက်ဆောင်လိုပါပဲ။ သူတို့နဲ့အတူရှိတဲ့အချိန်ဆိုအရမ်းပျော်တာပဲ။ အထူးသဖြင့် ဖူးဆိုတဲ့ကောင်မလေးနဲ့အတူရှိတဲ့အချိန်ဆို အပျော်ဆုံးပဲပေါ့။ ဖူးက လူမှုဆက်ဆံရေးလဲအရမ်းကောင်းတယ်။ အတန်းထဲက ယောက်ျားလေးတွေနဲ့ပါသူက ခင်အောင်ပေါင်းတတ်တယ်လေ။ ကျွန်မလဲတခြားသူတွေနဲ့ခင်တော့ခင်ပေမယ့် အဲ့လောက်အတွင်းကျကျကြီးတော့မပေါင်းဘူးပေါ့။ ဒါမဲ့ သိမ့်တို့လိုမျိုး စကားပြောရတာအဆင်ပြေတဲ့တစ်ယောက်တော့ကျွန်မတွေ့ထားတယ်။ သူ့အကြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့သုံးရက်ကသူနဲ့စပြီး စကားပြောဖြစ်တဲ့အချိန်က စပြောရမယ်ထင်တယ်။

လွန်ခဲ့တဲ့သုံးရက်က.....ကျွန်မအတန်းပြီးလို့ သိမ့်တို့နဲ့ပြန်မယ်လုပ်တော့

"ကလေးတွေ မကြာခင် fresher welcome (မောင်မယ်သစ်လွင်ကြိုဆိုပွဲ) ရှိတာသိကြတယ်မလား။ အဲ့မှာဆရာမတို့မေဂျာက တစ်ခုခုတော့ဖျော်ဖြေမှဖြစ်မှာ။ ဆရာမကတော့ သီချင်းဆိုတာဖြစ်ဖြစ် အကပဲဖြစ်ဖြစ် လုပ်စေချင်တယ်။ ဘာလုပ်ချင်ကြတုန်း"

"ဆရာမ ဟိုကောင်ငှက်ကြီးက beatboxလုပ်တတ်တယ်။ ထက်ဇော်က ဂစ်တာတီးတတ်တယ်ဆိုတော့ ကျွန်တော်ကသီချင်းဆိုလိုက်မယ်လေ။ ဂစ်တာနဲ့beatboxပေါင်းလိုက်ရင် လူတွေသဘောကျကြမှာပဲ"

"ကောင်းတယ် ကောင်းတယ်။ အာ့ဆို အကပိုင်းပဲကျန်တော့တယ်။ မိန်းကလေးငါးယောက် ယောက်ျားလေးငါးယောက် မြန်မာအကလေးတွဲကကြရင်မကောင်းဘူးလား"

အဲ့လိုနဲ့ လူရွေးလိုက်ကြတာ သိမ့်တို့လေးယောက်က အကအဖွဲ့မှာပါသွားလေရဲ့။ ကျွန်မကိုတောင်အတင်းခေါ်နေလို့ မနည်းငြင်းလိုက်ရသေးတယ်။ သိမ့်တို့ကတော့ အစထဲကအဆိုအကဝါသနာလဲပါတယ် ရှက်ကြောက်တာတွေမရှိဘဲ လွတ်လွတ်လပ်လပ်သမားတွေဆိုတော့ အကအဖွဲ့ထဲပါသွားတာတောင်ပျော်နေကြသေးတယ်။

ဤမျှသာWhere stories live. Discover now