"ငါတို့ဒီနေ့ လှည်းတန်းလျှောက်ပတ်ရအောင်ဟာ"
ရုတ်တရက်ကြီးထပြောလာတဲ့သိမ့်စကားကြောင့်ကျွန်မတို့လေးယောက်သူ့ကိုကြည့်လိုက်ကြတယ်
ယွန်း- တကယ်ကြီးလား
အာ့ဆိုနင်ငါတို့ကိုကုန်းပိုးခေါ်သွားမှာလား ပြောယွန်းပြောရင်လဲပြောချင်စရာပါပဲ။ လှည်းတန်းပတ်ဖို့ဆို အဓိပတိလမ်းမကြီးတဆုံးလျှောက်ရပေမည်။ ခါတိုင်းနေ့တွေဆိုကျွန်မတို့လေးယောက် ဘယ်လောက်ဝေးဝေး လှည်းတန်းဆိုရင်သွားနေကြပါ။ ဒါမဲ့ဒီနေ့ကတော့ အတန်းချိန်တွေကလဲဆက်တိုက် practicalကလဲလုပ်ရသေး presentationအတွက်ပါပြင်ဆင်ရဆိုတော့ တော်တော်လေးပင်ပန်းနေကြပြီ။ ဒါကိုသိမ့်ကလှည်းတန်းသွားမယ်ဆို၍ ယွန်းကပြောလိုက်ခြင်းဖြစ်သည်။
မိုး- နင်မပင်ပန်းသေးဘူးလား သိမ့်ရဲ့
သိမ့်- ပင်ပန်းလို့ပြောနေတာပေါ့။ ဒီလိုပင်ပန်းတဲ့အချိန် လှည်းတန်းမှာလျှောက်သွား စားချင်တာလေးတွေ လိုက်စားလိုက်ရရင် ကောင်းမှာဟ
ဖူး- အမလေး နင်စားချင်တာစားရဖို့ငါတို့ကထပ်ပြီးအပင်ပန်းခံရမယ်ပေါ့
သိမ့်- အမလေးဟယ် ဟိုရောက်ရင်နင်တို့လဲမစားကြမှာကျနေတာပဲ ငါ၀ယ်စရာလေးလဲရှိသေးလို့ Junction square လဲ ၀င်ချင်သေးတယ်ဟ
ပုံပုံ- အဲ့ကို၀င်မယ်ဆိုငါလိုက်မယ်။ ငါမိတ်ကပ်ကုန်သွားလို့ဝယ်ဖို့စဉ်းစားနေတာ
မိုး- ကဲ အာ့ဆိုလဲသွားကြမယ်လေ တော်ကြာမိုးချုပ်သွားအုံးမယ်
အဲ့လိုနဲ့လှည်းတန်းရောက်တော့ ဟိုလျှောက်စား ဒီလျှောက်ကြည့်နဲ့ပေါ့။ ပြီးတော့JSထဲ၀င်ပြီး shoppingထွက်ကြသည်ပေါ့လေ။ အဲ့အချိန် ဖူးကကျွန်မလက်ကိုလာကိုင်ပြီး
ဖူး- မိုး ဒီမှာကြည့် အကျီလေးတွေလှဘူးလား
ကျွန်မခနတော့အသိစိတ်လွတ်သွားတယ်။ ဒီခံစားချက်ကဘာကြီးလဲ။ ပျော်တာလား။ ကျေနပ်နေတာလား။ ရင်တုန်နေတာလား။ ဒါမှမဟုတ် ရင်ခုန်တာလား။ ဖြစ်နိုင်တာကတော့ အကုန်လုံးပဲထင်ပါတယ်။ ကျွန်မဘယ်လောက်ပဲမိန်းကလေးတွေကြိုက်တတ်တယ်ပြောပြော ဒီလိုမျိုးကြီးမဖြစ်ဖူးပါဘူး။ အရင်ကလဲမိန်းကလေးလက်တွေအများကြီးကိုင်ခဲ့ဖူးတာပဲ (ကိုင်ခဲ့ဖူးတယ်ဆိုတာ မိန်းကလေးတွေအများကြီးတွဲခဲ့တာကိုပြောတာမဟုတ်ဘူးနော် ဒီတိုင်းမိန်းကလေးသူငယ်ချင်းတွေကိုပြောတာ)
YOU ARE READING
ဤမျှသာ
Romance~~အချစ်ဆိုတဲ့အရာဟာ မိန်းကလေးနှစ်ယောက်ကြားမှာလဲဖြစ်ပေါ်တတ်တာပါပဲ~~ "အရင်ကမသိခဲ့ဘူး နင့်အတွက်နဲ့အဲ့လောက်စွန့်စားရဲမှန်း" (မိုးမြတ်သခင်) "ဆိုးသွမ်းတဲ့ငါက ယဉ်ကျေးလာတယ်ဆိုရင် အဲ့ဒါမင်းကြောင့်ပဲဖြစ်လိမ့်မယ်" ...