ကျွန်မနဲ့မိုင်နဲ့ နေ့တိုင်းလိုင်းပေါ်မှာစကားပြောဖြစ်ကြပေမဲ့ ကျောင်းမှာဆိုရင်တော့သူကအမြဲတမ်းရှောင်နေတော့တာပါပဲ။ ကျွန်မသူ့ကို ကျောင်းမှာတွေ့ရင်အရင်ကလိုပဲစကားပြောနော် ဆိုပြီးပြောထားပေမဲ့ သူကအင်းမလုပ်အဲမလုပ်နဲ့ ကျွန်မစကားနားမထောင်ပြန်ဘူး။ ကြာတော့ကျွန်မလဲမနေတတ်တော့ဘူး။ သူနဲ့စာပို့လို့ရတာပဲဆိုတဲ့စိတ်တော့ရှိပေမဲ့ အဲ့ဒါကအသံလဲမကြား ရုပ်လဲမမြင်ရဆိုတော့ စိတ်ထဲဘ၀င်မကျဘူး။ သူနဲ့မျက်နှာချင်းဆိုင်ပြီး စကားတွေအများကြီးပြောပစ်ချင်နေတာကြာပြီ။ ဒါမဲ့သူကခေါင်းမာတယ်။ ဘယ်လိုပြောပြောကိုမရတာ။
သိမ့်- ဟိတ် ဘာတွေအတွေးလွန်နေတာလဲ
မိုး- ဘာမှမတွေးဘူး နင်တို့က ပြီးသွားပြီလား
သိမ့်- မပြီးသေးဘူးလေ ဟိုမှာသီချင်းကိုတစ်ပုဒ်ထဲနဲ့မလုပ်ချင်ဘူးတဲ့ နောက်ထပ်နှစ်ပုဒ်လောက်ထပ်ထည့်ပြီး remixလုပ်မယ်ပြောနေလို့ အဲ့ဒါသွားစကားပြောကြည့်လိုက်အုံးမယ် နင်ဒီမှာတစ်ယောက်ထဲထိုင်နေလို့ဖြစ်တယ်မလား
မိုး- အမလေး ရပါတယ်ဟယ် နင်တို့အဝေးကြီးသွားမှာလဲမဟုတ်ဘဲနဲ့ မြင်နေရတာကို
သိမ့်- ပြီးရော ပြီးရော
ဒီနေ့က တကယ်တော့ကျောင်းပိတ်ရက်စနေနေ့ပါ။ ဒါမဲ့ကျွန်မအခုကျောင်းကိုရောက်နေတယ်။ ဘာလို့ဆို သိမ့်တို့လေးယောက်ကဒီနေ့အကတိုက်ရမှာလေ။ ကျွန်မတို့ကျောင်းဆောင်ရဲ့အနောက်ဘက် ကွင်းပြင်မှာပဲအကတိုက်ကြမှာလေ။ ကျောင်းပိတ်ရက်ဆိုတော့လူမရှိတာနဲ့ အဲ့ဒါကျွန်မကိုအဖော်ခေါ်လေရဲ့။ အဖော်ခေါ်တယ်ဆိုတာကလဲ အတန်းထဲကလူဆယ်ယောက်ကပဲ ကရမဲ့သီချင်းကိုရွေး အကကိုလဲကိုယ့်ဘာသာထွင်ပြီးကရမယ်ဆိုတော့ကာ ကျွန်မကလိုက်ကူညီတဲ့သဘောပါ။ သူတို့ကတဲ့အချိန် ဗီဒီယိုရိုက်ပေးပြီး အကညီမညီပြန်စစ်တာမျိုးပေါ့။ တကယ်တော့ကျွန်မမရှိလဲဖြစ်တဲ့ကိစ္စပါ။ ဒါမဲ့ကျွန်မကအပြင်ဆိုအရမ်းထွက်ချင်တာ။ အာ့ကြောင့်သဘောထားတွေကြီးပြီးလိုက်ကူညီပေးနေတာ။ အခုလဲသူတို့တိုင်ပင်းရာရှိတာလေးတွေတိုင်ပင်နေကြတော့ ကျွန်မလဲပျင်းတာနဲ့ အုတ်ခုံမှာထိုင်ပြီး မိုင်နဲ့စကားပြောဖို့အကြံရသွားတယ်။ နေ့ခင်းဘက်ဆိုတော့သူအားတယ်ထင်ပါတယ်။ မီးစိမ်းနေလေရဲ့။
YOU ARE READING
ဤမျှသာ
Romance~~အချစ်ဆိုတဲ့အရာဟာ မိန်းကလေးနှစ်ယောက်ကြားမှာလဲဖြစ်ပေါ်တတ်တာပါပဲ~~ "အရင်ကမသိခဲ့ဘူး နင့်အတွက်နဲ့အဲ့လောက်စွန့်စားရဲမှန်း" (မိုးမြတ်သခင်) "ဆိုးသွမ်းတဲ့ငါက ယဉ်ကျေးလာတယ်ဆိုရင် အဲ့ဒါမင်းကြောင့်ပဲဖြစ်လိမ့်မယ်" ...