ဒီနေ့ ကျောင်းသက်ြန်နေ့။ သက်ြန်ရက်တွေကတော့ပြီးသွားပေမယ့် ကျောင်းမှာကျောင်းသားတွေအားလုံးသက်ြန်ကိုတူတူဖြတ်သန်းရအောင် ရက်သတ်မှတ်ပေးတဲ့သဘောပေါ့။ ရန်ကုန်တက္ကသိုလ်မှမဟုတ်ဘူး။ တခြားတက္ကသိုလ်တွေလဲဒီနေ့ကျောင်းသက်ြန်ရှိတယ်လို့ကြားမိပါတယ်။ ဒီနေ့ကျွန်မရဲ့အစီအစဉ်အတိုင်း သိမ့်နဲ့ကျွန်မနဲ့မနက်စောစော ဖူးဆီရောက်လာကြတယ်။ ဖူးက မိတ်ကပ်တောင်ပြင်ပြီးပြီ။ တကယ်တော့သက်ြန်စတိတ်ရှိုးက ၉နာရီမှစမှာပါ။ အခု၇နာရီခွဲပဲရှိသေးတယ်။
သိမ့်- ဟဲ့ ဖူး နင်မိတ်ကပ်တောင်လိမ်းပြီးပြီ ဟုတ်လား
ဖူး- အေးလေ ကြိုပြင်ထားရတာပေါ့
မိုး- စောလွန်းမနေဘူးလား အခုမှ၇ခွဲရှိသေးတယ်
သိမ့်- ဟုတ်ပါ့ဟယ် နင်စောပြင်ထားတာအရေးမကြီးဘူး တော်ကြာဒီကြားထဲရေပက်ခံနေရမှ အစအဆုံးပြန်ပြင်နေရမယ်
ဖူး- ဖွဟဲ့ လွဲပါစေဖယ်ပါစေ ဘာလို့ရေပက်ခံရမှာလဲ ငါဒီထဲမှာပဲနေမှာ ဘယ်သူမှလာပက်လို့မရဘူး
မိုး- အေးပါဟယ် ရော့ မုန့်၀ယ်လာတယ် အရင်စားလိုက်အုံး
ဖူး- ဟယ် ဘာတွေ၀ယ်လာကြတာလဲ
သိမ့်- နင်ကြိုက်တဲ့ဟမ်ဘာဂါ၀ယ်လာတာ ပြီးတော့ဒါကမိုးကသူကိုယ်တိုင်အိမ်ကဖျော်လာတာ ထောပတ်သီးဖျော်ရည်တဲ့
ဖူး- အိုးမိုင်ဂေါ့ ထောပတ်သီးဆိုအရမ်းကြိုက် ကျေးဇူးပဲ မိုးရေ
မိုး- ရပါတယ်ဟာ မလိုပါဘူး နင်သာစင်ပေါ်မှာကောင်းကောင်းက
ဖူး- အေးပါအေးပါ ကမှာပါ စိတ်ချ
မနက်၉နာရီ,
မိုး- ဖူးရေ နင့်ကိုခေါ်နေပြီ စင်ပေါ်တက်ရတော့မယ်တဲ့
ဖူး- လာပြီ လာပြီ
သိမ့်- ဟဲ့ ဖူးလဲသွားပြီဆိုတော့ ငါတို့ရေသွားဆော့မယ်လေ အပြင်မှာမေဂျာအလိုက် ရေဆော့တဲ့နေရာတွေလုပ်ထားပေးတယ်တဲ့
မိုး- ဟုတ်လား အေး ငါလိုက်တော့လိုက်ခဲ့မယ် ဒါမဲ့ရေဆော့လို့တော့မရဘူးဟ
YOU ARE READING
ဤမျှသာ
Romantikus~~အချစ်ဆိုတဲ့အရာဟာ မိန်းကလေးနှစ်ယောက်ကြားမှာလဲဖြစ်ပေါ်တတ်တာပါပဲ~~ "အရင်ကမသိခဲ့ဘူး နင့်အတွက်နဲ့အဲ့လောက်စွန့်စားရဲမှန်း" (မိုးမြတ်သခင်) "ဆိုးသွမ်းတဲ့ငါက ယဉ်ကျေးလာတယ်ဆိုရင် အဲ့ဒါမင်းကြောင့်ပဲဖြစ်လိမ့်မယ်" ...