အပိုင်း ၂

994 163 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၂




တင်းရှက ချက်ချင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။  နောက်နေ့ မနက်စောစောထပြီး ဟင်းသီးဟင်းရွက်နဲ့ တစ်ခါသုံး ထမင်းဗူးတွေဝယ်ဖို့ လက်ကားဈေးကိုသွားကာ အိမ်ပြန်ခဲ့သည်။

အပြန်လမ်းတွင် လုံခြုံရေးအစောင့်ကို မေးခွန်းအချို့မေးဖို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အပေါက်ဝတွင် ရပ်လိုက်သည်။

တင်းရှ အိမ်ပြန်ရောက်ပြီးနောက် ဖောလစ်အက်ဆစ် ယူကာ ရေအနည်းငယ် သောက်ပြီးနောက်  မီးဖိုချောင်ထဲ ချိုးဝင်သွားခဲ့သည်။

သူမ ဒီနေ့ ဟင်း ၃ မျိုးချက်ဖို့ မနေ့ညထဲက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ဝက်သားနဲ့ ပဲတောင့်ရှည်အချဉ်ကြော်၊ ဝက်သား ဂေါ်ဖီထုပ်ကြော်နဲ့ ပဲကြာဇံကြော် တို့ဖြစ်သည်။

ဝက်သားနဲ့ ပဲတောင့်ရှည်အချဉ်ကြော်အတွက် ခံတွင်းမြိန်စေမယ့် ပဲတောင့်ရှည် လက်တစ်ဆုပ်စာ ယူပြီး အတုံးသေးသေးလေးတွေ လှီးဖြတ်လိုက်သည်။ တင်းရှသည်  ၎င်းတို့ကို လှီးနေချိန်တွင် သူမ ပါးစပ်ထဲ တစ်ခုလောက် မထည့်ဘဲ မနေနိုင်ခဲ့ပေ။

သူတို့ကို ဝါးလိုက်တဲ့အခါ ချဉ်ပြီး လန်းဆန်းစေတဲ့ အရသာက သူမ မသိစိတ်က သီချင်းတစ်ပုဒ်ကို စတင်ဆိုနေစေမိသည်။

ဒယ်အိုးထဲတွင် ဆီကို အပူပေးကာ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူများကို မွှေးလာသည်အထိ မွှေကာ လတ်လတ်ဆတ်ဆတ် ရောစပ်ထားသော အဆီများအသားနှင့် ပါးပါးလှီးထားသော ဝက်သားကို မထည့်ခင် အနီရောင်ဆီနှင့် အစပ်ထွက်စေရန် ငရုတ်သီးမှုန့် နှင့် ပဲပိစပ်ကို ထည့်သည်။ အနည်းငယ် မွှေကြော်ပြီးနောက် အချဉ်စိမ်ထားသော ပဲတောင့်ရှည်နှင့် လတ်ဆတ်သော ထောပတ်ပဲတို့ကို ထည့်ခဲ့သည်။

ချက်ပြုတ်ပြီးခါနီးတွင် သူမသည် သူမ၏ လျှို့ဝှက်လက်နက်ဖြစ်သော စီချွမ်း ငရုတ်ကောင်းရေကို ထည့်ပြီး နောက်ဆုံးတစ်ခေါက် မွှေပေးသည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now