အပိုင်း ၁၉

415 78 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း  ၁၉

တင်းရှသည် သူမဗိုက်ကို ပွေ့ဖက်ထားကာ မငုံ့နိုင်သောကြောင့် ထိုအရာကို ကလေးဟုတ်မဟုတ်ကို အမြန်ကြည့်ရန် အန်တီကျွမ်းကို မေးလိုက်သည်။

အန်တီကျွမ်းသည် ထိုအရာကို မြေပြင်မှ ကောက်ယူရန် စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ ကလေးက သုံးလေးနှစ်လောက် သာရှိ​သေးသည်။ သူ့အဝတ်အစားတွေက ညစ်ပတ်နေပြီး သူ့မျက်နှာကလည်း calico ကြောင်လို ညစ်ပတ်နေတယ်။

အန်တီကျွမ်းသည် ကလေးကို အိမ်ထဲသို့ ခေါ်သွားသည်။ တင်းရှသည် ကျယ်လောင်သော အသံဖြင့် ရှောင်ကျွင်းကို ခေါ်ခဲ့သည်။

"ဒီကလေးက ဘယ်ကလာတာလဲ။" ရှောင်ကျွင်း အံ့သြသွားသည်။

"တံခါးရှေ့က​နေ​ တွေ့တာ" တင်းရှက သူ့အကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း စိတ်နဲ့လူမကပ်စွာ ပြောလိုက်သည်။

ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးငယ်များ ဒုက္ခရောက်သည်ကို မမြင်နိုင်ပေ။ ဒီလိုကလေးလေးကိုမြင်လိုက်ရတော့ သူမ နှလုံးက နာလာတယ်။

ရှောင်ကျွင်းက သူမ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။  "စိတ်မပူပါနဲ့ အန်တီနဲ့ ကိုယ် သူ့ကို ဆေးရုံပို့လိုက်မယ်။ မင်းနဲ့ မရီးတို့ အိမ်မှာပဲ စောင့်နေနော်။ ကိုယ် ဖုန်းဆက်လိုက်မယ်။"

သူမပါအတူလိုက်ရင် ရှောင်ကျွင်း စိတ်ပူစေမယ်ဆိုတာ တင်းရှသိထားတာကြောင့် "ရှင် ကျွန်မကို ဖုန်းဆက်ရမယ်" ဟု ဝန်လေးစွာ သဘောတူလိုက်သည်။

ရှောင်ကျွင်းက ကတိ​ပေးလိုက်ပြီး အန်တီကျွမ်း သည် ကလေး၏အဝတ်အစားများ ပါးသည်ကို တွေ့လိုက်ရသည်။ အခန်းထဲပြန်ဝင်သွားပြီး စောင်ကိုယူပြီးသူမလက်နှစ်ဖက်ထဲတွင် သူ့ကိုပွေ့ထားရင်း "သနားစရာ​လေးဘဲ။ အရမ်းအေးတာကို သူက အ၀တ်ပါးတစ်ထည်ပဲဝတ်ထားတာ"

ရှောင်ကျွင်းက အဌားကား ခေါ်လိုက်သည်။ တင်းရှ က သူ့ရဲ့ မိုဘိုင်းလ်ဖုန်းထဲကို ယွမ် ၂၀၀၀၀ လွှဲပေးခဲ့ပြီး​ပြောသည်။ "ဒါက ဆေးဖိုးအတွက်။ မလောက်ရင် ပြော"

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now