အပိုင်း ၁၄

518 99 3
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း  ၁၄


ကျိုးယွီသည် တင်းရှပြောသည်ကို လက်မခံနိုင်​ပေ။ သူမ မျက်လုံးများသည် တင်းရှ၏ ဖောင်းကားနေသော ဗိုက်ပေါ်ကို အမှတ်တမဲ့ စိုက်ကြည့်နေသည်။ သူတို့ နှစ်ယောက် အတူတူ ရပ်နေကြတာကို မြင်ရသည်မှာ သူမအတွက် အလွန်စိတ်တိုစရာဖြစ်သည်။

ဒီက​လေးအတွက်​သာမဟုတ်​ရင်​ သူမ မောင်​လေးက ဒီမိန်းမနဲ့​နေ​တော့မှာ မဟုတ်​ဘူးလို့ညတွေးသည်။

ကျိုးယွီက တင်းရှ၏ ဗိုက်ကို စိုက်ကြည့်နေ​သောအကြည့်များက တင်းရှကို ကြက်သီးထစေခဲ့သည်။ သူမသည် သူမ၏ဗိုက်ကိုကာပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်မှာ ရှောင်ကျွင်း၏ လက်မောင်းနားကို ရောက်သည်အထိ ဖြစ်သည်။ ထို့​အချိန်မှ သူမစိတ်သက်သာရာရသည်။

ရှောင်ကျွင်းလည်း ကျိုးယွီ၏ အကြည့်ကို မြင်လိုက်ရသည်။ တင်းရှ ရှေ့မှာ ရပ်နေရင်း သူ့မျက်နှာက ဖြူဖတ်နေပြီး "ငါ မင်းကို သတိပေးနေတယ်၊ ​​မင်းငါ့ရဲ့ သည်းခံနိုင်စွမ်းကို မစိန်ခေါ်တာ ပိုကောင်းမယ်" လို့ သတိပေးလိုက်သည်။

"မောင်လေး၊ ငါ့စကားနားထောင်ပါ၊ သူမက လူကောင်းမဖြစ်နိုင်​လောက်ဘူး!" ကျိုးယွီ က ရုတ်တရက် ပြုံးလိုက်ပြီး "သူမကို ကြည့်ကြည့်လိုက်ရုံနဲ့ သူမက ရမ်းကားနေမယ့်သူဆိုတာ နင်သိပါတယ်။ သူမဟာ မင်းရှေ့မှာ အရမ်းသိမ်​မွေ့​နေတယ်ဆိုပေမယ့် မင်းအပြင်ထွက်ပြီးတာနဲ့ တခြားယောက်ျားတွေကို ဆွဲ​ဆောင်လိမ့်မယ်..."

"သူ့ဗိုက်ထဲက ကလေးက လူယုတ်မာပဲ၊ မင်းအတွက် ငါသူ့ကို ဖယ်ရှားလိုက်မယ်၊ ပြီးရင် ငါတို့ အတူတူနေလို့ရပြီ..."

သူတို့အဖြစ်အပျက်ကို တိတ်တဆိတ်​ ခိုးကြည့်​​နေ​သောလူတစ်​ယောက်က ကြက်သီးထလာပြီး "ဒီမိန်းမရူး​နေတာမလား"ဟု​တွေးလိုက်မိသည်။

တုရို့ရို့လည်း ထိတ်လန့်သွားသည်။ ကျိုးယွိရဲ့ဒီလိုစိတ်လွတ်သွားသလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now