အပိုင်း ၁၁

892 132 6
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း  ၁၁


ပရော်ဖက်ဆာ တင်းက အလွန် ခေတ်​နောက်ကျသော သူဖြစ်သည်။ တင်းရှ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်ပင် သူ့မျက်နှာက တင်းမာနေပြီး ပြောခဲ့သည်။ "​ဆယ်ကျော်သက်တွေက စာကျက်နေသင့်တယ်..."

ပရော်ဖက်ဆာ တင်းက ညနေခင်း၏ အလင်းရောင်ကို မျက်နှာမူကာ သူ့နောက်ဘက်ကို လက်ပစ်ရင်း ထွက်သွားခဲ့သည်။ တင်းရှက သူထွက်ခွာသွားသော ပုံစံကို ကြည့်မိခဲ့သည်။ ဆူပူကြိမ်းမောင်းခဲ့ပေမယ့် စေတနာ ရှိလို့မှန်း သူမ သိသည်။

အန်ကယ်ဝေဆိုင်မှာ အော်ဒါမှာထားတဲ့ သစ်သားဆိုင်းဘုတ်က မကြာခင်မှာပဲ ရောက်လာခဲ့သည်။ ရှောင်ကျွင်းက အနီးနားရှိ စတိုးဆိုင်မှ လှေကား ငှားပြီး သူ့ကိုယ်တိုင် တက်ခဲ့ကာ တင်းရှက သူ့ကို ညွှန်ကြားဖို့ လမ်းပေါ်တွင် ရပ်နေခဲ့သည်။

အဲ့ဒါကို နည်းနည်းမြှင့်၊ အဲ့ဒါကို နည်းနည်းလျှော့လိုက်။

ရှောင်ကျွင်းက သူ့ ခြေထောက်အောက်က သူမ ပုံရိပ်လေးကို ငုံ့ကြည့်လိုက်ပေမယ့် ဘာမှပြန်မပြောဘဲ သူမ လမ်းညွှန်ချက်အတိုင်း ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

နောက်ဆုံး ဆိုင်းဘုတ်ကိုကောင်းကောင်း ချိတ်ဆွဲနိုင်လိုက်သည့်အခါ ရှောင်ကျွင်းက ရှင်းလင်းခဲ့သည်။ တင်းရှ အကြည့်များက လမ်းတစ်ဖက်က လိမ္မော်သီး ရောင်းသူ၏ သုံးဘီးဆိုင်ကယ်ပေါ် ရောက်သွားခဲ့သည်။

သူမကို လိမ္မော်သီးတွေကို ကြည့်ပြီး ရှောင်ကျွင်း ထပ်ကြည့်ခဲ့သည်။ သူမ ရုတ်တရက် ရယ်ပြီး ​ပြောခဲ့သည်။  "အဲ့ဒီမှာနေပြီး မလှုပ်နဲ့၊ ကျွန်မ လိမ္မော်သီး နည်းနည်းလောက် သွားဝယ်လိုက်ဦးမယ်"

ထိုစကား ပြောပြီးနောက် သူမ ရယ်မောလျက် ထွက်သွားခဲ့သည်။

ကျောင်းစာ မသင်ခဲ့ရသည့် ရှောင်ကျွင်းက ဟာသကို နားမလည်ခဲ့ပေ။ သူသည် တင်းရှ ရွှင်မြူးစွာ နောက်ပြန် ဆုတ်သွားတာကို ကြည့်နေခဲ့ရပြီး သူ့မျက်နှာတစ်ပြင်လုံး၌ နားမလည်ဘူးဆိုသည်ကို ရေးထားခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)On viuen les histories. Descobreix ara