[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 349 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၈)။

နောက်တစ်နေ့မှာ မြူကဆက်လက်ရှင်းလင်းပျောက်ကွယ်နေပြီး ခပ်လှမ်းလှမ်းကပင်ဘယ်ကိုသေချာမြင်နိုင်ပြီပင်။ ကျွန်းသူကျွန်းသားများပျော်ရွှင်သွားကာ လှေများပြင်ဆင်ပြီး ကျွန်းမှထွက်သွားချင်သည်ဟုတင်ပြလိုက်ကြသည်။

ရဲတိုက်ထဲမှာကစားသမားများကလည်းမြူပျောက်ကွယ်နေသည့်ပြဿနာကိုဆွေးနွေးနေပြီး သူတို့အကုန်လုံးအနည်းငယ်မသက်မသာဖြစ်နေကြသည်။

ဟယ်ခွင်းကရုတ်တရက်လူတစ်ယောက်လွှတ်ကာ "သခင်လေးနဲ့ရဲတိုက်ထဲကအခြားသူတွေအတူထွက်သွားချင်တာလား"ဟုမေးလာပုံမှာ သူတို့နှင့်ရဲတိုက်ကမတူညီကွဲပြားမှုကိုဖြေရှင်းပြီးသွားသည့်အလား။

"အရင်ကဖြစ်ခဲ့တဲ့အတွက်ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့ကျွန်တော်သခင်လေးကိုတောင်းဆိုချင်ပါသေးတယ်။ အဲ့ဒါတွေအကုန်လုံးကဦးလေးယောင်းရဲ့အမိန့်တွေပါပဲ။ သူကကျွန်းပေါ်မှာဂုဏ်သိက္ခာနဲ့အာဏာရှိတယ်လေ။ လူတိုင်းဒေါသထွက်ပေမဲ့ဘာမှထုတ်မပြောရဲကြဘူး။ သူတို့သူ့စကားနားထောင်ရုံပဲတတ်နိုင်ခဲ့တာ။ ကံကောင်းချင်တော့ခေါင်းဆောင်ဟယ်ကသူ့ကိုဆွဲချလိုက်တော့ အခုဆိုလူတိုင်းကဟယ်လူကြီးမင်းကိုကျောထောက်နောက်ခံဖြစ်စေချင်နေကြတာ။ ဟယ်လူကြီးမင်းဆိုလိုတာကကျွန်းပေါ်ကလူတွေကဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းနဲ့အိမ်နီးနားချင်းတွေပဲလေ။ ဆွေမျိုးသားချင်းတွေထက်ပိုကောင်းတာမရှိဘူး။ ဒီအချိန်မှာဆိုစည်းလုံးဖို့ပိုအရေးကြီးတယ်ဆိုတော့ ကျွန်းကနေထွက်သွားမဲ့ကိစ္စကိုရဲတိုက်ဆီမှာပဲအပ်မထားနိုင်ဘူးလေ။ သခင်လေးဘယ်လိုထင်ပါသလဲ။"

သတင်းလာပို့သူမှာစကားလုံးကောင်းများနှင့်ရိုးသားစစ်မှန်သောသဘောထားများဖြင့်ပြည့်နေပြီး ယခင်ကအပြစ်များကိုဦးလေးယောင်းပေါ်ပုံချပစ်လိုက်သည်။

သူသာကျွန်းသူကျွန်းသားများကြားမှာဖြစ်ခဲ့သည့်ရက်စက်သောသွေးထွက်သံယိုကိစ္စများနှင့်ဒီလူများကျူးလွန်ခဲ့သည့်ပြစ်မှူများကိုမသိထားခဲ့ရင် လင်ခုံးလုတကယ်ယုံကြည်သွားမိမှာဖြစ်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now