[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 313 6
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၉)။

ဟော့ရှီစစ်ဇာ့ဂျ်ထံမှအဖမ်းခံခဲ့ရတော့ မက်ခါမှာလည်းအသိမ်းခံခဲ့ရပြီး ဇာ့ဂျ်တပ်အခြေစိုက်စခန်း၏အစွန်ဆုံးမှာထားထားခဲ့သည်။

သိသိသာသာကိုပင်၊ သူခုနကမက်ခါကိုသွားယူဖို့ထွက်သွားတာဖြစ်သည်။

လင်ခုံးလု၏နှုတ်ခမ်းထက်ကအပြုံးမှာပိုမိုကြီးသထက်ကြီးမားလာသည်။ ဟော့ရှီစစ်ကသေချာပေါက်ထွက်မပြေးသွားမှန်းသူသိနေသဖြင့်ဧရာမဇာ့ဂျ်ပုံစံမပြောင်းခဲ့ပေ။

ဟော့ရှီစစ်ကတိုက်ပွဲထဲပါဝင်လာပြီးနောက် စက်ရုပ်များကိုတိုက်ခိုက်ရာမှာဦးဆောင်သည်။

လင်ခုံးလုတစ်ဖက်လှည့်ကာသူ့ကိုကျောပေးယုံကြည်ထားလိုက်ပြီးဧရာမဇာ့ဂျ်များကိုရှင်းဖို့သွားလိုက်သည်။

စက်ရုပ်များကိုစိတ်စွမ်းအားနှင့်ဖိနှိပ်မရသဖြင့်မက်ခါသုံးပြီးရှင်းပစ်ရသည်။ ထိုဧရာမဇာ့ဂျ်များမှာစိတ်စွမ်းအားတိုက်ခိုက်မှုကိုတောင့်ခံနိုင်သည့်ခေါင်းဆောင်းများဝတ်ထားပါသော်လည်း လင်ခုံးလု၏စိတ်စွမ်းအားမှာစွမ်းအားကြီးသဖြင့် ခေါင်းဆောင်းကတစ်ဝက်ကိုသာတောင့်ခံပေးနိုင်ပေရာ သူသူတို့ရှင်းပစ်ဖို့လွယ်သွားသည်။

နှစ်ယောက်သားတိုက်ခိုက်လိုက်ခုခံလိုက်နှင့်တစ်ယောက်ကိုတစ်ယောက်ကိုအကူအညီပေးကာပြောစရာမလိုဘဲအလိုလိုပူးပေါင်းဆောင်ရွက်လိုက်ကြသည်။ ဟော့ရှီစစ်မက်ခါ၏လက်နက်ပြောင်းဝကိုလှည့်ပြီးဗုံးများပစ်လွှတ်လိုက်စဥ် လင်ခုံးလုကသူ၏ဓားရှည်ကြီးပိုသုံးကာသူ့ကျောကိုတိုက်ခိုက်နေကြသည့်ဇာ့ဂျ်လက်မများကိုပိတ်ကာလိုက်သည်။

လင်ခုံးလုသူသွေးမြင်ပြီးသတိလစ်သွားမှာစိုးလို့ ဧရာမဇာ့ဂျ်ကိုတိုက်ခိုက်ရာတွင်ဇာ့ဂျ်ခြေထောက်များကိုဖြတ်မိပြီးသွေးထွက်စေမှာကိုရှောင်ရန်ဓားနောက်ကျော်ကိုသာအတတ်နိုင်ဆုံးကြိုးစားသုံးလိုက်ရသည်။ တစ်ခါတရံသူအချုပ်ခံလိုက်ရရင် ဟော့ရှီစစ်ဇာ့ဂျ်အနည်းငယ်ကိုအချိန်ကိုက်သတ်ပစ်ပေးလာလိမ့်မည်ပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now