[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 295 11
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၁)။

လင်ခုံးလုသူပွဲကထွက်လာရင်အခြေအနေပိုကောင်းသွားမည်ဟုထင်လိုက်ပေမဲ့လေအေးတစ်ချက်ဖြတ်တိုက်သွားတော့အပူကတစ်ခဏတာပျေူက်သွားပြီးနောက်ပို၍ပင်ပူလာပြီး သူ့ခြေလက်များအားနည်းစပြုလာကာ သူ့အသက်ရှုနှုန်းပိုမိုမြန်လာလေသည်။

ဒါမူမမှန်ဘူး။

ပူအိုက်နေတာမဟုတ်ဘဲသူမစားသင့်တာတစ်ခုခုစားမိသွားတာမှန်းရုတ်ခြည်းသဘောပေါက်သွားသည်။

သို့သော်ခုနကဟောခန်းမထဲမှာရှိနေတုန်းကသူဝိုင်ခွက်တစ်ဝက်ပဲသောက်ခဲ့...ချီး၊ သီအန်းဝိုင်ခွက်တစ်ခွက်ယူလာတာကိုသူသတိရသွားသည်။ သူနှင့်သီအန်းခွက်မှားသွားတာပဲ။

ဒါပေမဲ့သီအန်း၏သတ္တိနည်းနည်းလေးနှင့်သူသူ့ကိုအကွက်ဆင်ရဲမှာမဟုတ်ပေ။ တစ်စုံတစ်ယောက်ကသီအန်းကိုအကွက်ဆင်သွားတာဆိုပေမဲ့သူ့ကိုမတော်တဆထိသွားတာဟုသူသံသယရှိမိသည်။

လင်ခုံးဘုမနေနိုင်ဘဲနှဖူးကိုအုပ်ကိုင်လိုက်မိကာစိတ်ပျက်သွားရသည်။

သေချာတာပေါ့၊ ပွဲတချို့မှာ မင်းယူပြီးနောက်မှာမင်းလက်ကခွာသွားသည့်အယ်လ်ကိုဟောသောက်စရာကိုသောက်လို့မရပေ။

ထိုစဥ်ဟော့ရှီစစ်မှာလည်းသူတစ်ခုခုမှားနေမှန်းသတိထားမိသွားသည်။ သူ့လမ်းလျှောက်ပုံကသိသိသာသာကိုတည်ငြိမ်မှုမရှိ။ သူရှေ့တိုးကာသူ့ကိုကူတွဲပြီးခပ်တိုးတိုးမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ။"

သူ့အသက်ရှူနှုန်းမသိမသာအေးမြသွားကာသူမနေနိုင်ဘဲအနားတိုးကပ်သွားချင်ပေမဲ့အကိုင်ခံထားရသည့်လက်ကောက်ဝတ်မှာပိုမိုပူနွေးလာသည်။

ထိုအခါမှသာသူ့လက်ကောက်ဝတ်အပူချိန်မှာအံ့အားသင့်စရာကောင်းအောင်မြင့်မားနေပြီး သူ၏ဖြူဖွေးသောပါးပြင်မှာဘယ်တုန်းကမှရဲတက်လို့နေကာ တိမ်တိုက်များမှာအငွေ့ပျံနေပြီး သူ၏စိုစွတ်သောမျက်လုံးများမှာဇဝေဇဝါဖြစ်မှုနှင့်ပြည့်နေမှန်းသဘောပေါက်သွားသည်။

ဟော့ရှီစစ်ရှော့ခ်ရသွားသည်​။ "မင်း..."

လင်ခုံးလုမ​နေနိုင်ဘဲသူ့ရင်ခွင်ထဲမှီကာခြေဖျားထောက်ပြီးတစ်ဖက်လူ၏မျက်နှာဘေးကိုသူ့မေးစေ့နှင့်ပွတ်ကာအအေးဓာတ်ကိုစုပ်ယူလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now