[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 322 3
                                    

Arc(9) အတိတ်ဘဝ၊ အချပ်ပို(၁)။

ရွှီယန့်အမှိုက်ထွက်ပစ်ချိန်မှာလင်ခုံးလုကိုအိမ်ခေါ်လာခဲ့သည်။

သူဒီသခင်လေးကိုကျောင်းမှာမြင်ဖူးသည်။ သူကခန်းလန်တိုက်ကြီးမှာအချမ်းသာဆုံးမိသားစု၏ကလေးဖြစ်သည်။ သူကျောင်းလာချိန်တိုင်း ဇိမ်ခံကားနှင့်အသွားအပြန်လုပ်သည်။ သူဟာချမ်းသာပြီးအာဏာရှိမိသားစုများ၏သားသမီးတစ်အုပ်ထံမှဝန်းရံခံထားရသည်။ သူဟာမောက်မာပြီးဂုဏ်ယူဝံ့ကြွားနေပုံပင်။

ရွှီယမ့်မှာအချိန်တိုင်းတစ်ချက်ကြည့်ပြီးလှည့်ထွက်လာတတ်သည်။ ထိုအချိန်တုန်းက သူတို့နှစ်ဦးကြားကအကွာအဝေးမှာတိမ်နှင့်ရွှံ့ပမာ တစ်ဦးကကောင်းကင်ယံမှာရှိနေပြီး နောက်တစ်ယောက်ကတော့မြေကြီးပေါ်မှာဖြစ်သည်။

အခုဆိုကောင်းကင်ယံထဲကတိမ်တိုက်မှာမြေကြီးပေါ်ကရွှံ့နွံထဲကြွေကျလာခဲ့သည်။ တစ်ခါကတောက်ပခဲ့ဖူးသောသခင်လေးမှာအခုဆိုဒီညစ်ပတ်သောလမ်းကြားထဲမှာသနားစရာကောင်းစွာကွေးနေခဲ့သည်။

ဒါနဲ့ သူ့အိမ်တံခါးမှာဆင်ခြေဖုံးရပ်ကွက်ထဲကဒီလမ်းကျဥ်းလေးထဲတွင်အသန့်ရှင်းဆုံးနေရာဖြစ်သည်။

ဒီအသန့်ကြိုက်သခင်လေးမှာသူဘဝနိမ့်ကျနေခဲ့ရင်တောင်သူ့ကိုယ်သူအတွက်နေရာကောင်းတစ်ခုရှာကာကွေးတတ်သည်။

ရွှီယန့်မျက်မှောင်အသာကြုတ်လိုက်မိသည်။ ဒီရက်ပိုင်းလင်မိသားစုမှာတစ်ခုခုဖြစ်သွားမှန်းသူကြားခဲ့သည်။ သခင်လေး၏ဖခင်မှာလင်မိသားစု၏ဦးလေး၂ကြောင့်အခြားနေရာမှာသွားပုန်းရန်တွန်းအားပေးခံခဲ့ရသည်။ သူကသူ့ဇနီးနှင့်ကလေးကိုပင်ဂရုမစိုက်နိုင်။ အခုဆိုသခင်လေးကဒုက္ခတစ်ခုဖြစ်သည်။

သူကသာမန်အရပ်သားပေမို့ဒုက္ခအရောက်မခံသင့်ပေ။

သူရဲခေါ်ပြီးရင်လှည့်ထွက်သွားသင့်သည်ဟုအကြောင်းရင်းကရွှီယန့်ကိုပြောနေသည်။

သို့သော်သူ့ခြေဖဝါးမှာအမြစ်တွက်နေပုံပင်။ အခုဆိုသူရဲခေါ်လိုက်ရင် လင်မိသားစုရဲ့ဦးလေး၂ကသခင်လေးကိုခေါ်သွားမှာမလား။ ပြီးရင်....

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now