Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၅)။
ဟော့ရှီစစ်တောင့်ခဲသွားရပြီး သူ့မျက်နှာဘေးပေါ်ကသတ္ထုမျက်နှာဖုံးမှာမသိမသာအေးစက်လို့နေကာ သူ့နားထဲကအသက်ငွေ့မှာလည်းနွေးထွေးနေပေမဲ့ သူဟာရေခဲနှင့်မီးရောက်နေသလိုမျိုးခံစားလိုက်ရသည်။ သူအသက်ရှူလိုက်တိုင်း သူ့အာရုံကြောများမှာအဆုံးမဲ့တင်းမာလာသည်။
ဒီအနီးကပ်ထိတွေ့မှုကသူ့ကိုဖော်ပြမရအောင်ရင်းနှီးမှုကိုပေးစွမ်းသည်။
သို့သော်လည်းသူ့ကိုစနောက်ခဲ့သူကခပ်မြန်မြန်ပြန်ဆုတ်သွားပြီး နှုတ်ခမ်းများကွေးကာနူးညံ့စွာဆိုလာသည်။
"ကိုယ်တော်မင်းရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေမယ်နော်။"လင်ခုံးလု"လုံလောက်တာကလုံလောက်ပြီ၊ တအားရှေ့တိုးတာကလုံလောက်မှုမရှိဘူး"ဆိုသည့်သဘောတရားကိုနားလည်သည်။ ဒါကိုပြောပြီးနောက်သူတောင်ပျံများကိုအသာဖြန့်ကာနန်းတော်ထဲကပျံထွက်သွားလိုက်သည်။
ရင်းနှီးသောခံစားချက်မှာလှစ်ခနဲပျောက်ကွယ်သွားပြီး ဟော့ရှီစစ်မှာတောင့်တောင့်ကြီးရပ်နေမိကာ သူ့အဝတ်အစားထောင့်များမှာလည်းတစ်ဖက်လူ၏တောင်ပံလေကြောင့်လန်တက်သွားသည်။
သူလက်မြှောက်ကာမျက်နှာသေဖြင့်ပြန်ဆန့်ချလိုက်သည်။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့လင်ခုံးလုပျံထွက်သွားတာမြင်လိုက်ရမှ သက်မချမိကာဟော့ရှီစစ်ကိုစိတ်ရှုပ်ထွေးသောမျက်နှာထားဖြင့်လှည့်ကြည့်မိသည်။
"လောင်ဟော့။" ဟဲ့ရှောင်းတုံ့ဆိုင်းသွားကာမေးလိုက်မိသည်။
"မင်းအဆင်ပြေရဲ့လား။"ဟော့ရှီစစ်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပုံမှာ မေးနေသည့်အလား-
"ငါဘာဖြစ်မှာမို့လို့လဲ။"သူစိတ်အခြေအနေကောင်းနေတာမြင်တော့ဟယ်ရှောင်းသက်မချလိုက်မိပေမဲ့ခုနကလင်ခုံးလုပြောစကားကိုတွေးမိသွားတော့သူတုံ့ဆိုင်းသွားကာမေးလိုက်မိသည်။
"ဒါနဲ့ ခုနကဇာ့ဂျ်ဘုရင်ပြောသွားတာကိုဘယ်လိုမြင်လဲ။"ဟော့ရှီစစ်ကအဝတ်အစားကိုပြန်ပြင်ကာသူ့ကိုလှည့်ကြည့်ပြီးမေးလိုက်သည်။
"မင်းဘာပြောချင်လို့လဲ။"
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့