အပိုင်း ၁ (ep-1)

816 10 0
                                    

" ဆောရီး.. ကိုယ်တို့ ရှေ့ဆက်လို့မရတော့ဘူးထင်တယ် "
မျက်ရည်များနဲ့ ကျွန်မကို သူ အရင်လို မထွေးဖက် ထားတော့ပါ သူကျောခိုင်းသွားပြီ.....။

အစဉ်အလာတစ်ခုအရ သူ့မိဘတွေက သူနဲ့ ကျွန်မကို သဘောမတူဘူး သူတို့က တရုတ်ကို! သူတို့က တရုတ်အချင်းချင်းပဲ ယူရမယ်လို့ အစွဲရှ်ိကြတယ်
ကျွန်မကို သဘောမတူတာ ကျွန်မက တရုတ်မဟုတ်ဘူး ၊  သူပြောခဲ့တဲ့စကားက လမ်းခွဲကြရအောင်တဲ့။
ဒီလောက်နှစ်တွေ အကြာကြီး ခိုင်မာစွာ
ဆောက်ထားတဲ့ ပတ်သတ်မှုကြီး ပြိုကွဲရ တော့မှာလား? (၄) နှစ်ကြာအောင် ယုံကြည်မှုတွေဆောက်ခဲ့တဲ့ အိမ်ကြီးက စကားတစ်ခွန်းထဲနဲ့ ပြတ်တော့မှာလား။
ကိုယ်မချစ်တဲ့ သူနဲ့သာ မပေါင်းရဘူး
ဆိုရင် ကျွန်မ ဒီတသတ် ဘယ်သူ့ကို မှ မချစ်ချင်တော့ဖူး.......။
    " ခက်..ဘာတွေစဉ်းစားနေတာလဲ !"
    " အော်.. ခက် အတွေးလွန်သွားတာ... နှင်းခ ခုနဘာပြောလိုက်တာလဲ"

မြူနှင်းခ ချထားတဲ့ ကော်ဖီလေး တစ်ငုံသောက်ရင်း စကားဆက်လိုက်တယ်

          " အော်..ခက်ရယ်..စိတ်ပြေလက်ပျောက်ခရီးသွားချင်တယ်ဆို အဲ့တာ ငပလီ သွားပါလားလို့ "

ထိုအခါမှ ခက်သင့်နွေ အသိဝင်သွားတယ်

          " အော် ဟုတ်သား..အင်း..ငပလီ..မဝေးဖူးလား "
          " ဝေးတာတော့ ဝေးတာပေါ့ ၊ ဒါမဲ့ ကမ်းခြေဆိုတော့ အဲ့ရောက်ရင် ဒီက
စိတ်ဖိစီးမှုတွေ လျော့သွားပြီး မေ့သွား မှာသေချာတယ် "
         " ဒါဆို ခက်သွားတော့ သွားချင်သား ၊ ဒါမဲ့ ဒီဆိုင်က ... "
        " ဒီဆိုင်ကို နှင်းခနဲ့ အပ်ခဲ့ ၊ နှင်းခ ကူညီပါ့မယ် ခက်ရယ် ၊ လောလောဆယ်တော့ နှင်းခချိန်းထားတာ ရှိလို့ ပြေးလိုက်ဦး မယ် "
မြူနှင်းခ အလောတကြီးနဲ့ ကော်ဖီတောင် ကုန်အောင်မသောက်ပဲ ပြန်သွားရလေတယ် ၊ မြူနှင်းခနဲ့ ခက်သင့်နွေတို့မှာ ရင်းနှီးတာ သိပ်မကြာသေးသော်လည်း
ညီမလို သူငယ်ချင်းလိုတွေလို ဖြစ်နေပြီ
မြူနှင်းခ ပြန်သွားသည်အထိ ခက်သင့်နွေ မထဖြစ်သေးပါ ၊ ဘာလို့ ရုတ်တရုက်ကြီး သူ့အကြောင်းသတိရလာတာလဲ ၊ ဝေးခဲ့တာ တစ်နှစ် ရှိပြီလေ ၊ ထားသွားတဲ့ သူကို မေ့သင့်ပြီပေါ့ ခက်ရ
            " အမ ဖုန်းလာနေ... "
             " အော်..အေး "
စားပွဲထိုး ကောင်လေးပြောမှ ဖုန်းကို သတိရမိသည်

           " မေမေ ကိုကြီး ဘယ်တော့
စင်ကာပူကပြန်လာမှာလဲ "

ဒေါ်မြင့်ခင်က စာဖတ်နေရင်း မျက်မှန်အပေါ်ကနေ လှမ်းကြည့်လိုက်တယ်

           " နင့်အကိုက ဟိုတစ်ပတ်ကပဲ ပြန် သွားတာလေ ၊ ဘယ်လိုလုပ် ပြန်လာသေး မှာလဲ "
အမေကပြောပြီး စာအုပ်ပြန်ဖတ်နေလေတယ်
          " သမီး ငပလီ သွားဖို့ သေချာသွား ပြီလား "
ဖေဖေက ဧည့်ခန်းထဲဝင်လာပြီး မေ့မေ့ ဘေးဝင်ထိုင်ကာ သတင်းစာကို ကောက်ယူလိုက်တယ်
          " ဟင်! ဖေဖေ ဘလိုသိ "
ဖေဖေက သတင်းစာကို ဖတ်မည်ဟန်ပြု ပြီးမှ
          " သမီး မြူနှင်းခ ပြောတာပဲလေ ၊ အဖေ့သမီး ခက်လေးက အလုပ်တွေနဲ့ ပိနေလို့ ခရီးထွက်ဖို့လိုနေပြီတဲ့ "
          " အလုပ်တွေနဲ့ ပိနေတာလား ဘာလားတော့မသိ..သူအကို ဟိုတစ်ပတ်က ပြန်သွားတာကို မေ့နေတယ်လေ "

မေမေပြောသည်ကို ခုခံဖို့ ငယ်ငယ်တုန်းက လို စိတ်မပါတော့ပါ ၊ ဒီအိမ်ကြီးထဲမှာ လူတွေ မစည်းကားတော့တာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ
ကိုကြီးကလဲ လက်ထပ်တော့မဲ့ သူမို့ ၊ အမကြီးက အိမ်ထောင်သည်မို့ ၊ မိသားစု ထဲမှာ နှစ်ယောက်ကြီးများတောင် လျော့သွားတာ ဒီအိမ်ကြီးမှ မတိတ်ဆိတ်ရင် ဘာအိမ်သွားတိတ်ဆိတ်မလဲ
          " ငူငူငိုင်ငိုင်နဲ့ ဘာလုပ်နေတာလဲ အငယ်မရဲ့ "
ပြောလဲပြောရင်း ခေါင်းကိုလဲပုတ်သွားသေးသည်
         " မေမေ သမီး အိမ်လာလည်တယ် "
မြတ်ဆုမေက ပြောဆိုရင်း ဆလင်းဘတ်ကို စားပွဲခုံပေါ်ပစ်ချကာ မေမေနဲ့ ဖေဖေကြား အတင်းဝင်ထိုင်လေတယ်
        " အမ.. အကို လင်းရော "
        " အထုပ်တွေဆွဲနေလို့ လာလိမ့်မယ်"
        " ဘာအထုပ်တွေလဲ သမီးရ "
ဖေဖေက သတင်းစာကို အောက်ချကာ မေးလိုက်သည်
      " အဝတ်ထုတ်တွေလေ၊ လာလည်တယ် ဆိုပေမဲ့ ခဏလာနေတာပါ "
      " ဟေ "
      " သမီးတုိ့ ကိုကြီးအခန်းမှာနေမှာပါ "
      " မြတ်ဆုမေ နင် ယောက္ခမ အိမ်က နှင်ချခံရတာတော့ မဟုတ်ပါဘူးနော် "
မေမေက အလန့်တကြားနဲ့ မေးလိုက်တယ်
     " မဟုတ်ဖူး အမေရဲ့ ... လင်းအမေက ခွင့်ပြုတာ သမီးလဲ အမေ့အိမ်ပြန်ချင်မှာပဲ ဆိုးလို့တဲ့ "
ခက်သင့်နွေ ဆက် နားမထောင်းချင်တော့တာနဲ့ အပေါ်ထပ်ကို တက်လိုက်တယ်
စိတ်ပြေလက်ပျောက် သီချင်းနားထောင်မယ်ပေါ့ ဖုန်းထဲက သီချင်းကိုဖွင့်လိုက်တယ်
🎵ဘဝမှာ ရူးခါနေအောင် ချစ်တာဆိုလို့ မင်းပဲရှိတာပါ သဘောမတူနိုင်တဲ့ အသိုင်း ဝိုင်း များကို ဆန့်ကျင်ခဲ့ပြီးမှ...🎶🎵🎵
ခက်သင့်နွေ မသိလိုက်ချိန်မှာပဲ ပါးပြင်လေး နွေးသွားသည် မျက်ရည်တွေ မသိမသာလေ ခိုးကျနေတော့သည်
        ဒီနေ့ ဘာနေ့လဲ ခက်...
To Be Continued...
၂၀၁၈ တုန်းက ရေးဖူးသော ယခု fiction ကို unicode ဖြင့် ပြန်လည်ရေးသားထားခြင်းဖြစ်သည် ။ စာဖတ်သူအားလုံးကျေးဇူးပါရှင် ။

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now