အပိုင်း-၉ (ep-9)

155 3 0
                                    

မနက်နိုးထသည်နှင့် လှိုင်းသံတွေကြားနေရ သည်။ ခေါင်းရင်းမှာ ချထားတဲ့ ဖုန်းကို ခက်ကိုင် လိုက်သည် ။ ( ၆ : ၁၅ ) မိနစ် ။ အိမ်မာဆို ဒီအချိန် ထထချင်းမျက်နှာသစ်နေရပြီ ၊ ငပလီ ရောက်မှ ဘာမှလုပ်စရာကို မရှိပေ၊ ဖုန်းကို ကိုင်ကာ အင်တာနက်ဖွင့်လိုက်ပြီးမှ ဘာလုပ်ရမှန်း မသိပေ။ ဖုန်းထဲမှာ ကြာနေပြီဖြစ်တဲ့ ၊ အလုပ်တွေနဲ့ မအားလို့ မသုံးဖြစ်တော့တဲ့ facebook ထဲကို ဝင်မိလိုက်တယ်။ မသုံးဖြစ်တာ ၂ နှစ်နီးပါး ရှိနေပြီ။ ပထမဆုံးအနေနဲ့ တက်လာတာက 3 years memory ဟူ၍ ဖြစ်သည်။ ရေးထားတဲ့ စာက...

" အရမ်းလွမ်းလို့ ခုထိ အိပ်မပျော် ဘူးဆိုတာ ကို
သိရင် စိတ်ဆိုးမှာလား " တဲ့ ၊ ထိုစာကို တင်ထား တဲ့ အချိန်က မနက် ၄ နာရီ ၇ မိနစ် ။

" အလွမ်းတွေကို ဆိုရှယ်မီဒီယာ ပေါ်မှာ ချပြရမယ် လို့ ဘယ်သူသင်ပေးထားလဲ 😠 "

စစ်ပိုင်မင်းက ဒေါသကြီးစွာနဲ့ ပြောကာ ခက်သင့်နွေ ရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
  " ဟင်.."

ခက်နားမလည်ခြင်းများစွာနဲ့ စစ်ပိုင်အားကြည့် မိသည်။ ပြီးမှ မနက်က တင်ထားတဲ့စာကို ခက် သတိရမိသည်။

  " facebook မသုံးဖူးဆို ၊ ဒါတွေ ဘယ်လိုသိလဲ"

ခက်သင့်နွေ ဘက်က မျက်နှာတည်လိုက် သောကြောင့် သူ့ဘက်က အသံလေး လျော့ကျသွားသည်။

" သံစဉ်ပြောတာ "

သံစဉ်ကို ပိုဒေါသဖြစ်ရပြန်သည်။ မနက် ၅ နာရီမှ အိပ်ပျော်ကာ ခု ၉ နာရီ ကျောင်းမသွားခင်လေး
ကော်ဖီဆိုင်လာထိုင်တုန်းရှိသေး ၊ လူက အိပ်ငိုက် နေပါတယ်ဆိုမှ အအော်ခံရသည်မို့ ဒေါသ ဖြစ်ရခြင်းပင်။ ဟုတ်သည်ပင်၊ သံစဉ်ထွေး နှင့်
စစ်ပိုင်မင်း တို့က ငယ်သူငယ်ချင်း တွေဖြစ်သည်မို့ သံစဉ်ကို ခက်ပြောသမျှတွေ စစ်ပိုင်မင်း သိရသည်။ ဒါကြောင့်ဖြစ်မည်။ ခက်က စစ်ပိုင်ကို ကြိုက်တာ သံစဉ် အကုန် ဖောက်သည်ပြန်ချလို့ စစ်ပိုင်သိသွားရတာ ။

  " သံစဉ် က ခလေးကို စိုးရိမ်လို့တဲ့ ၊ အိပ်မပျော်ဘူးဆိုတော့ တခုခုများ ဖြစ်နေလို့လား ဆိုပြီး ကိုယ့်ကို စာပြတာ "

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now