အပိုင်း-၆ ( ep-6)

177 4 0
                                    

ဟုတ်ပါတယ်လေ~ ဟိုတစ်ခေါက်က သူ့ဆိုင်က ကိတ်မုန့်တွေကြောင့်သာ င့ါဟိုတယ် အမှတ်ပိုရသွားတာ။ စည်သူဟိန်း ဆိုဖာခုံပေါ်မှီကာ စဉ်းစားခန်းဖွင့်နေသည်။

"ငါလည်း ငပလီသွားချင်တာ နဲ့အတော်ပါပဲလေ"

ဒီနေ့ခက်သင့်နွေ သူ၏ရုံးခန်းကို လာမည်ဆို၍ စောင့်နေခြင်းပင်။ အမှန်သည်ကမြူနှင်းခက မိတ်ဆက်ပေးမယ် ဟူ၍ စည်သူဟိန်းကို ရုံးခန်းကနေ ဘယ်မှမရွေ့ခိုင်းပေ။

        ဒေါက် ~~ ဒေါက်~~ ဒေါက်

   "ကိုစည်သူ! နှင်းခလာတယ်"

ဝင်ခဲ့လေ တောင် မပြောရသေး မြူနှင်းခ ဝင်ချလာတယ်။အနောက်မှကောင်မလေးတစ်ယောက်လဲပါလာတယ်။ ထိုကောင်မလေးသည်သူ ငပလီ ကို ပို့ပေးရမဲ့သူဆိုတာ ကို သိလိုက်မိသည်။

                  "ခက်~ ထိုင်လေ"

နှင်းခကပြောပြီး သူလည်း ခက်ဘေးဝင်ထိုင်လိုက်တယ်။ ခက်သင့်နွေလည်းဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ကာလူကိုကြည့်လိုက်မိသည်။ စည်သူဟိန်းလည်း ရုတ်တရက် ကြည့်မိသည်မို့ အကြည့်ချင်းလဲဆုံသွားရတယ်။ သူမကမျက်တောင်လေးကောနေတယ်၊ နှာတံလေးကလည်းချွန်နေတယ်၊ ပန်းနုရောင်နှုတ်ခမ်းလေး၊ ဆံပင်က ပုခုံးကျော်လေးကို အောက်ပိုင်းကနည်းနည်း ကောက်ထားလိုက်သေးတော့ စည်သူဟိန်း တွေးဖူးသမျှ မိန်းကလေး တွေထက် သူမကပိုလှနေတာပေါ့။

                      "အကို~ သူက ခက်သင့်နွေတဲ့
ခက်ရေ သူက စည်သူဟိန်းတဲ့။ "
ဒီအချိန်မှာပဲ နှင်းခစကားတောင်မကြားနိုင်မဲ့ သီချင်းစာသားလေးက စည်သူ့နားထဲမှာကြားလိုက်ရတယ်လေ။

~~~~အမှတ်တမဲ့ကြည့်လိုက်ရုံနဲ့ဒီရင်~~မှာစွဲသွားပြီ~~~~

     "တွေ့ရတာ ဝမ်းသာပါတယ်နော်"

သူမအသံလေးကြားမှ သတိပြန်ဝင်လာတယ်။

   "ဟုတ် ဝမ်းသာပါတယ်"

စည်သူဟိန်း ပြုံးတော့ သူမကလည်းပြန်ပြုံးပြတယ်။
               "မအားတဲ့ကြားက လိုက်ပို့ပေးမှာကို ခက် ကျေးဇူးအရမ်းတင်ပါတယ်"
           "ရပါတယ်ဗျာ ကျွန်တော်လဲ သွားချင်နေတာဗျ"

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now