အပိုင်း-၃(ep-3)

229 15 0
                                    

ဒီနေ့ နောက်ကြောင်းလေး ပြန်ပါ မယ်

>>>>>>>>>>>>>>>>>>>>>>>>>>>>
ဝေါ..ဝေါ..ဝေါ..ဂျုန်း..ဂျုန်း.
1 stop market ထဲကထွက်လာပြီးမှ အပြင်မှာ မိုးရွာနေမှန်း သိတော့တယ်။ ထီးကို အိတ်ထဲက အလျင်အမြန်ထုတ်ဖွင့်လိုက်တယ်

        " ဟို..ခဏ ခဏလေး "

အသံလာရာ ကြည့်လိုက်မိတော့..ကောင်လေး တစ်ယောက်လွယ်အိတ်ကို ထီးလိုမိုးပြီး ကိုယ့်ထီးအောက်ထဲ ဝင်လာတယ် ။

           " ကျောင်းပဲ ပြန်မှာမလား "
          " ဟင် "

ခက်သင့်နွေ ကိုကျောင်းသူ မှန်း သူဘယ်လိုသိ....။

       " ကျောင်းလေ ဒီနားက ကျောင်းလေ ပြန်မှာမလား "
သူက ကျောင်းဝတ်စုံလဲ ဝတ်ထားတာကြောင့်..
      " ဟုတ်တယ် "
       " ဒါဆို မိုးခိုလိုက်မယ်နော် ၊ ဒီနေ့ မှ ထီးက ကျန်ခဲ့လို့ "

သိလဲမသိဘဲ ဘယ်လိုများလိုက်နိုင်လဲ တွေးမိကာ သူ့ အားကြည့်မိလိုက်သည်
ဘေးတိုက်အနေထားမို့ သူ့ဆံပင်ရဲ့ အနားသားတွေ ရေတွေစိုနေတယ် ၊ မှန်ကြောင်လေး ၊ ဆွဲဆောင်စရာလို့ ဘာမှ မရှိ ၊ အရပ်ဆိုလဲ ခက်နှင့် မတိမ်းမရင်းပင် ၊
ယောင်္ကျား လေးတိုင်းမှာရှိတဲ့ လည်စိလဲ သူ့မှာမရှိ ၊ လက်ချောင်းသွယ်သွယ် လေးလဲ မရှိပေ ၊ အစိမ်းရောင် သန်းနေတဲ့ သွေးကြောလေးတွေလဲ မတွေ့ရ...။

     " ထီးကို နဲနဲ မြင့်လိုက်ပါလား "

အရပ်လဲ အမြင့်ကြီး မဟုတ်ပဲ ထီးကိုမြင့်ခိုင်းနေသေး တွေးမိသော်လည်း မပြောလိုက်ပေ ။

   " ထီး.. ကိုယ်ကိုင်ပေးရမလား "
     " နေပါစေ ယူဘာသာယူ့အိတ်ကို မိုးမစို အောင်ကိုင် "
   "  ယူ တဲ့လား...ကိုယ့်နာမည်က စစ်ပိုင်မင်း ၊ ခင်ဗျားလေးက ခက်သင့်နွေတဲ့...
ဟေး နင်နဲ့ငါနဲ့ ပြောမယ်လို့တော့မကြံနဲ့နော် ၊ ကိုယ်က မင်းလေးထက် တစ်တန်း
ကြီးတယ် "

ပြောပြီးသူက ကျောင်းထဲပြေးဝင်သွားတယ် မိုးရွာထဲမှာ ကြောင်ကြောင်ကြီးကျန်ခဲ့သူက ခက်ပင် ။ ခက်နာမည်တောင် သိနေပြီးတဲ့ကောင်လေး...
အဲ့နေ့ကစပြီး စစ်ပိုင်မင်းဆိုတဲ့ ကောင်လေးကို စောင့်ကြည့်နေမိတော့တာပဲ

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now