အပိုင်း-၁၃ (ep-13)

183 4 0
                                    

နှလုံးသားရဲ့စေညွှန်ရာ❤

အပိုင်း ( ၁၃ )🌸

ခက်သင့်နွေ ဆိုင်ကို မသွားတာ ၂ ရက်ရှိနေလေပြီ။ ဘာကြောင့် အိမ်တွင်းပုန်းနေလဲ သူမ ကိုယ်တိုင်ပင်မသိ။ နှင်းခ ကို တိုင်ပင်သော်လည်း နှလုံးသားရဲ့ အနောက်ကိုသာ လိုက်ပါလို့သာ အဖြေရတယ်။ အမွေလဲ အဖြတ်ခံထားရတဲ့ဟာကို ဘယ်မှာအခြေချပြီး ဘယ်မှာဘယ်လိုစားနေမလဲစိတ်ပူချင်ပေမဲ့ မျက်လုံးနှစ်လုံးကို
အတင်းဖွင့်လိုက်ပြီး  ထပ်မတွေးချင်တော့ဟု အိပ်ရာမှ ရုတ်တရက်ထလိုက်သည်။
အချိန်ကား မနက် ( ၉ ) နာရီ။ ဒီနေ့ ခက်သင့်နွေ ဆိုင်ပြန်ထိုင်ဖို့လိုသည်။

မြူနှင်းခက စည်သူဟိန်းရဲ့ ရုံးခန်းထဲ တံခါးမခေါက်ဘဲ ဝင်လာကာ ဆိုဖာပေါ်ပစ်ထိုင်လိုက်သည်။ ရုတ်တရက်ကြီး အခန်းထဲ ဝင်လာသော နှင်းခကြောင့် စည်သူဟိန်း အပြင်ကိုငေးနေရာမှ ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။

  " နှင်းခကြောင့်ပါ အကို "

မြူနှင်းခက ပြောပြီးငိုင်ကျသွားသည်။
စည်သူဟိန်းလဲ နားမလည်နိုင်စွာနဲ့ပင်။

" အကို ခက်ကို ချစ်နေပြီမဟုတ်လား?! ၊ တကယ်လို့ ခက်က အကို့ကို သူ့အချစ်ဆုံးသူငယ်ချင်းကိုသတ်ခဲ့တဲ့လူသတ်သမားရဲ့ အကိုလို့သာ သိသွားရင် သူမ မုန်းသွားမှာ ! "

စည်သူဟိန်းထပ်ပြီးနားမလည်စွာနဲ့ပင်။

  " ဟမ် ဘာကြီး "
" လွန်ခဲ့တဲ့ ၁ နှစ်က ခက်မှာ သံစဉ်ထွေးဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းရှိခဲ့တယ် ၊ အဲ့တစ်ယောက် ကို..ခ..က နှင်းခက ကားနဲ့တိုက်ပစ်ခဲ့တာ၊ အဲ့အမ က ပွဲချင်းပြီး ဆုံးသွားတယ် ! "
" ဟမ်! နင်က? အဖေလဲ ငါကိုဘာမှမပြောဘူး"
" ကုမ္ပဏီ ရဲ့ ဂုဏ်သိက္ခာ အရ ၊ ပြီးတော့ နှင်းခ လဲ ငယ်သေးတာကြောင့် ပိုက်ဆံနဲ့ကြေပေးတာ ကို ဟိုဘက်က သဘောတူခဲ့တယ် "
" ခက်က သဘောတူခဲ့တာလား ??? "
" မဟုတ်ဘူး ၊ ဆုံးသွားတဲ့ ခက် သူငယ်ချင်းရဲ့
အမေက သဘောတူခဲ့တာ ၊ ခက်က ဒီကိစ္စ နဲ့ ပတ်သတ်ပြီး ဘာမှမသိဘူး "
" ဒါဆို ဘာတွေဖြစ်ကုန်မှာလဲ ? "
" နှင်းခ..ခက်ကို သွားပြောလိုက်တော့မယ် ၊ အဲ့ အမကို ခက ကားတိုက်လိုက်တဲ့ အကြောင်း ၊ ငွေနဲ့ကြေအေးလိုက်ပေမဲ့ နှင်းခစိတ်ထဲ အပြစ်မ ကင်းသလိုပဲ..ဒါကြောင့် အကို့ကိုလာတောင်းပန်တာ "

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now