အပိုင်း-၄ (ep-4)

219 7 0
                                    

" ဒီနေ့ ဆိုင်မှာ လူကျတယ်နော် ခက် "
     " အင်း "
    " အငယ်မ နင် ငါ့ကို စိမ်းကားသွားတယ် နော် ငါယောင်္ကျားရသွားလဲ အရင်လိုပါပဲ ဟာ "
" မစိမ်းကားပါဘူး အမရဲ့ "

မြတ်ဆုမေ ကိတ်မုန့် တစ်ကိုက်ကိုက်ကာ အပြင်ကို ငေးကြည့်လိုက်သည် ၊ မိုးများ အုပ်ကာ မိုးရွာတော့မလိုပင်....

   " မိုးတွေအုပ်နေပြီ...ရွာတော့မယ်ထင်တယ် "

ခက်သင့်နွေ ဘာမှ မပြောပဲ ကော်ဖီသာ စိတ်ပြေလက်ပြေ သောက်နေလိုက်တယ်

အဲ့ သူ ။ စစ်ပိုင်မင်းဆိုသည်မှာ ခက်နှင့် ဘေးချင်းကပ်ရပ် စာသင်ခန်းက
ကျောင်းသားဖြစ်ဧ။်

စဉ်းစားနေတုန်းပင်
သူ စစ်ပိုင်မင်း ခက်သင့်နွေ စာသင်ခန်းထဲ ရောက်လာသည် ၊ စာသင်ခန်း အခြေအနေက စားပွဲခုံနဲ့ထိုင်ခုံများက
တံခါးကို ကျောပေးထားသည် ၊ ခက်သင့်နွေ ကလဲ အနောက်လှည့်မိသူ ဖြစ်၍ သူရောက်လာသည်ကို မြင်သွားမိသည် ။

သူ ပထမ ဘေးဘီကို ကြည့်နေသည် ။

  " သားစစ်ပိုင် ဘာပြောမလို့လဲ "

တီချယ်က ကျောင်းသားတစ်ယောက်ကို စာရှင်းပြနေရာကနေ စစ်ပိုင်မင်းဘက်လှည့်ကာ လှမ်းမေးလိုက်သည်။

   " ဟို..."

ပြောလဲပြောရင်း သူမျက်လုံးများကလဲ အငြိမ်မနေပါ ၊ တီချယ့်ကို လဲမကြည့် တစုံတစ်ယောက်ကို ရှာနေဟန်နဲ့တူသည်။

   " အင်း ပြောလေ သား "
    " ဟို...တနင်္လာ နေ့ သာကူကြိုရင်လေ အဲ့တာ ကျနော် ကူပေးလို့ရတယ်လို့
အဲ့တာ "

" အော်..အေးအေး ဒါဆိုတီချယ်တို့ သက်သာ တာပေါ့..မင်းအခန်းထဲက သူတွေလဲ ကူမယ်ပြောတယ်...မင်းဦးဆောင်ပေါ့ "

တီချယ်က သူ့ကို ပြောပြီး ကျောင်းသားတွေ ဘက်ပြန်လှည့်လာတယ်

   " တနင်္လာ ရောက်ရင် ကျောင်းမှာ သာကူ ကြိုဖို့ရှိတယ် ၊ စားနိုင်ရင် လာစားကြ "

"တီချယ် အလကားလား ၊ ဘာလို့သာကူ ကြီးလဲ .. ဟမ်ဘာဂါ လောက်တော့လုပ် "

အခန်းထဲက အသံတစ်ချို့ ပြန့်နှံသွားတယ်
တီချယ်ကတော့ ဘာမှပြန်မပြောပေ
ပြုံးရုံသာ ပြုံးနေလိုက်တယ်

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now