" မ"ရဲ့ ကလေး part 5

856 50 0
                                    

    သက်လျာတို့သုံးယောက်ရယ် ဟန်နီချို့ အမေရယ်ကားလေးစိးရင်း စကားတပြောပြောနှင့် သူမတို့အိမ်ကိုရောက်ခဲ့လေသည်။သူမတို့သည် ပိုက်ဆံအရမ်းရှိတဲ့ထဲမပါပေမယ့် သူ့ဟာနဲ့သူပင်၊သူမအိမ်တွင် သူမအမေရယ်၊ညမလေးရယ်၊သူရယ်ဘဲရှိသည်။သူမအဖေသည် တခြားနေရာမှ အလုပ်သွားလုပ်လျက်။
    သက်လျာတို့လည်းကားစီးလာတော့ ပင်ပန်းနေလေလျက်၊ခဏလောက်နားပြီးနောက် ညနေရေချိုးကြသည်။ရေချိုးပြီး ကလေးအမေချက်ထားသော ထမင်းနှင့်ဟင်းကိုစားကြရင်း ညနေစောင်းတော့ ကလေးတို့ရွာရဲ့ အထင်ကရ ဘုန်းကြီးကျောင်းသို့ လိုက်ပို့ပေးသည်။မှောင်တော့မည်ဖြစ်၍ အိမ်သို့ပြန်လာခဲ့လိုက်ကြသည်။

    ည၇နာရီထိုး ဇာတ်လမ်းလေးကြည့်ရင်း အင်ပန်းလာတာကြောင့် အိပ်ဖို့ပြင်ဆင်ကြတော့သည်။သူမအခန်းတွင် အေးအေးရယ် သက်လျာရယ် ဟန်နီချိုရယ် သုံးယောက်အတူအိပ်ကြရမည်ကိုသက်လျာတစ်ယောက်တွေးရင်းစိတ်လှုပ်ရှားနေလျက်။သက်လျာတစ်ယောက် အိပ်ယာထဲအရင်၀င်ပြီး အလယ်ကိုရွေးအိပ်လိုက်သည်။သူမ ကလေးနှင့် အတူအိပ်ရမည်ကို စိတ်လှုပ်ရှားပျော်ရွှင်နေလျက်။အကုန်လုံးအိပ်မောကျနေစဉ် သက်လျာတစ်ယောက် တရေးနိုးနေလျက် နာရီကြည့်လိုက်သည့်အခါ ၁၂ခွဲဖြစ်နေပြီ။သက်လျာတစ်ယောက် ‌ကလေးဘက်လှည့်လိုက်သည့်အခါ သူမမျက်နှာနှင့်ကလေးမျက်နှာမှာ အလွန်ပင် ထိကပ်သွားသည်။သူမကလေးရဲ့ အသက်ရှူ‌ထုပ်လိုက်တဲ့အခါ သက်လျာရဲ့မျက်နှာပေါ်နွေးခနဲဖစ်သွားသည်။နှလုံးခုန်သံများလည်း စည်းချက်တေမြန်နေလေပြီ။သက်လျာတစ်ယောက်စိတ်ကိုတင်းထားရင်းနဲ့ပင် ကလေးရဲ့ နှုတ်ခမ်းလေးကိုဖိကပ်နမ်းမိသွားသည်။သူမသတိပြန်ရတော့မှ ပြန်ခွာလိုက်သည်။သို့သော် ကလေးရဲ့နှုမ်ခမ်းဆွဲဆောင်မှုကြောင့် သူမစိတ်တေတဖန်လွတ်သွားပြန်ပီ ။ဒီတစ်ခါတော့သက်လျာတစ်ယောက် ကလေးရဲ့နှုတ်ခမ်းသားလေးကို အားရပါးရစုပ်ယူနမ်းပစ်လိုက်လေသည်။ကလေးမသိခင်သက်လျာတစ်ယောက် ပြန်အိပ်ပျော်ဖို့မနည်းပင်အားယူလျက်။ကလေးသာသိသွားရင် သူမကိုဘယ်လိုပြုမူမည်နည်း၊ပါးဘဲထချမလားနဲ့စိုးရိမ်စိတ်တွေဖြင့် သူမအိပ်ပျော်သွားလေရက်။

     မနက်ခင်းနေရောင်ဖြိုးတိုးဖြောက်တောက်အောက်တွင် သမီးတို့ထကြတော့။မနက်စာစားကြရအောင်။ကလေး အမေလာနိုးတော့မှ သုံးယောက်သားနိုးကြလေသည်။သက်လျာတစ်ယောက်လည်း ကိုယ့်အဖြစ်နဲ့ကိုတွေးရင်း ရယ်ချင်နေလျက်။မနက်စာ မုန့်ဟင်းခါးစားရင်း  သက်လျာတစ်ယောက် ကလေးနှုတ်ခမ်းလေးကို ခိုးခိုးကြည့်နေလျက်။စိတ်ထဲမှာလည်း မင်းလေးက မ ရဲ့ကလေးဘဲ ဖြစ်လာရမယ် ကြုံးဝါးရင်း ကြိတ်ရယ်နေလျက်။

    သူမတို့ရွာတွင် ဒီနေ့အလှူရှိသည်ဖြစ်၍ လူများစည်းကားလှသည်။ကလေးက လိုက်ပို့မည်ဆို၍သက်လျာတို့လည်း မြန်မာ၀တ်စုံလေးတွေထုပ်ကာ၀တ်ဆင်လိုက်သည်။အောက်တွင် ဟန်နီချိုစောင့်နေလျက်။ဟန်နီချို့လက်ထဲတွင် နှင်းဆီနီလေးကိုင်ထားလျက်။သက်လျာတို့အောက်ရောက်တော့ ဟန်နီချိုက မ ရော့ မ ပန်ဖို့။အေးအေးသည် ငါ့ဖို့ကကော။နင်က ပန်ရင်လှမှမလှတာ။မက ပန်းပန်ရင်လှတယ်၊အဲ့ကြောင့်တစ်ပွင့်ပဲယူလာတာ။ဟုပါပြီ။လာသွားကြမယ်။ဆိုရင်းသက်လျာလက်ကိုလာကိုင်သူ ဟန်နီချို။သက်လျာတစ်ယောက် စိတ်တွေစောက်ထိုးမိုးမျော်ဖြစ်နေလျက်၊သုံးယောက်သား ဘုန်းကြီးကျောင်းအရောက်တွင် ရွာသားများရဲ့အာရုံစူးစိုက်မှုကို ခံရပေသည်။ဟန်နီချိုတစ်ယောက်သတိထားမိပီး ခဏပင်နေကာ ပြန်ဖို့ပြော‌လေသည်။သက်လျာနှင့်အေးအေးလည်း ကလေးခေါ်ရာနောက်လိုက်ခဲ့ကြသည်။ကလေးသည် သူမဆွေမျိုးများနှင့်မိတ်ဆက်ပေးရှာသည်။ဟို၀င်ဒီထွက်နှင့် ညနေပင်‌ေရာက်ခဲ့ပြီ။အိမ်ပြန်ရောက်တော့ သုံးယောက်သားစကားထိုင်ပြောနေကြတုန်း အေးအေးတစ်ယောက် အိမ်ကဖုန်းခေါ်လို့ဆိုပြိးထသွားလျက်။သက်လိာနှင့်ကလေးလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း ဘာစကားမှမပြောဖစ်ပေ၊အေးအေးလာမှသာ စကားတေပြောဖြစ်ကြသည်။မနက်ဆိုပြန်ရမည် ဖြစ်၍ သက်လျာ ၀မ်းနည်းနေမိသည်။ကလေးရဲ့ နှုတ်ခမ်းလေးကိုလည်း လွမ်းမိနေအုံးမည်။ဒီညတော့သူမ သိအောင် လှုပ်ရှားဖို့ဆုံးဖြတ်လိုက်သည်။

  ကလေး ဘက်က ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မ ရဲ့ အချစ်ကိုတော့ မင်းသိ‌ေအာင် ဖွင့်ပြောရပေမည်။

Hmue

အမှားပါရင် ခွှင့်လွှတ်ပါနော်။ဖတ်ရတာ အဆင်မပြေရင် ထောက်ပြပေးနိုင်ပါတယ်ရှင့်။ ချစ်သောမှူး

" မ "ရဲ့ ကလေး ❤️Where stories live. Discover now