မ ရဲ့ ကလေး part 18

711 39 0
                                    

ကျွန်တော် သက်လျာသည် မိမိမြန်မာနိုင်ငံကို ပြန်ရောက်အခြေချနိုင်ခဲ့ပြီ။
ကျွန်တော်ဖွင့်လှစ်ထားသည့် ဂရုဏ ဆေးခန်းလေးသည်လည်း အတော်အသင့်နာမည်ရနေပီ။
ကျွန်တော်သည် အလုပ်တေဦးစီးကာ တခါတလေ လူနာတေအားကြည့်ရှူ့ပေးသည့် အလုပ်ပါလုပ်ကိုင်သည်။
အထိုက်အလျောက် အနေကျသွားသည်အထိ ကျွန်တော် အလုပ်ကိုအာရုံစိုက်နေတဲ့သူပါ။

ကျွန်တော့်အတွက်မှတ်မှတ်ရရနေ့လေး

မေ့မည်ဆိုမှ ပေါ်လာသည့် သူတစ်ယောက်
ရင်ဘတ်ထဲမှာ သူမမှလွှဲ၍ တခြားတစ်ယောက်ပင် လက်မခံနိုင်သည့် ကျွန်တော့်နှလုံးသားဟာ သစ္စာရှိပါတယ်။

ကျွန်တော် ကော်ဖီဆိုင်တွင် မြင်လိုက်ရသည့် ကလေးတို့၏ အတွဲလေး။

ကလေးသည် ပျော်ရွှင်နေသည်။

ကိုယ်မဟုတ်သည့် တခြားတစ်ယောက်နှင့်ပျော်နေသည့်အနေအထားကို တွေ့၍ ကျွန်တော် ပျော်ရပါသည်။

ကျွန်တော် အရင်စိတ်ဆို မုန်းမိမှာပင်။အချိန်တေကြာလာသည်နှင့်အမျှ ကျွန်တော့်အချစ်ဟာ
ပိုင်ဆိုင်ချင်တာထက် ကျွန်တော်ချစ်နေတာကို သူသိရင်ရပီဆိုသည့်အနေအထားလေးမှာပင်။

သူမ အလုပ်၀င်နေတာကို dateလုပ်ဖို့ မြို့ရောက်နေတယ်ထင်ပါရဲ့။

နောက်တစ်နေ့ ကျွန်တော် ကလေးအကြောင်းတေ လိုက်လံစုံစမ်းမိသည်။
ကလေးသည် မြို့ကို ကျောင်းတက်လာခြင်းပင်။အဝေးသင် နောက်ဆုံးနှစ်ဖြစ်၍ မြို့သို့ရောက်ရှိလာကြောင်း
တဖန် ကြားရသည့်တောက်သတင်းကတော့
ကလေးကောင်လေးမှာ နောက်တစ်ယောက်ဖြင့်ပွေနေသည်ကိုပင် ထပ်မံကြားသိခဲ့ရသည်။

ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း သူမတို့အခုတွဲနေလာသည်ပင် ၈နှစ်တာရှိပြီ။

ကလေး အကြာဆုံးတွဲသည့်ကောင်လေးပင် မနာလိုမိသည်။

ကလေးကောင်လေးသတင်းအားကြားသိသိချင်းမယုံချင်။ကျွန်တော် ပြန်ရောက်တာကြာပေမယ့်အလုပ်တေနဲ့မို့ သူငယ်ချင်းများနှင့်မတွေ့ဖြစ်ပေ။

သူငယ်ချင်းများနှင့် ချိန်းထားသည့် ကော်ဖီဆိုင်လေးနှင့်မနီးမဝေးတွင် ပန်းခြံလေးတစ်ခုရှိပေသည်။ကျွန်တော် သူငယ်ချင်းတေမရောက်သေးတော့ အပြင်းပျေလမ်းလျှောက်ဆင်းမိသည့်အခါ တွေ့လိုက်ရသည့်မြင်ကွင်းက ကလေး၏ကောင်လေးတခြားတစ်ယောက် နှင့် ဖက်ကာစကားပြောနေသည်ကိုပင်။

" မ "ရဲ့ ကလေး ❤️Where stories live. Discover now