" မ "ရဲ့ကလေး part 7

822 47 0
                                    

      မနက်ဝေလီဝေလင်းချိန်တွက် သက်လျာတို့မိသားစု ခရီးထွက်ဖို့  ပြင်ဆင်လျက်။
သက်လျာအိပ်ရာနိုးနိုးချင်း message တစ်စောင်ပို့လိုက်သည်။
Good morning 😘 ကလေး
သက်လျာ တစ်ယောက်  ကလေးနှင့်ချစ်သူဖြစ်သည့်ရက်ကလေးကို record လုပ်ထားလိုက်သည်။

24.4.2019 Ma&ka lay❤️♥️

    သက်လျာအိပ်ရာက‌မထားသေးဘဲ ဖုန်းကိုင်နေတာမြင်တဲ့အမေ
ဟဲ့ ထတော့ မိုးလင်းတာနဲ့ ဖုန်းကိုင်ပီ
အင်းပါ အမေရဲ့
ထပါပြီရှင်။

    သက်လျာတို့မိသားစု ကားလေးနှင့် ခရီးထွက်ခဲ့ကြသည်။ရွှေစက်တော် သည်အလွန်စည်းကားလှပါသည်။သက်လျာတို့လို မိသားစုနှင့်လာသူတေ သူငယ်ချင်းများနှင့်လာသူတေ အစုလိုက်အစုလိုက် ပျော်ဖို့ကောင်းပါသည်။

    မိသားစုဘုရားပေါ်တက်တုန်း ဘေးဘက်ဈေးသည်များ‌ အော်ဟစ်ကာဈေးရောင်းချနေသည်။သက်လျာမျက်စိထဲ ရောက်ဌသွား‌တဲ့ဈေးဆိုင်လေးက ‌နာမည်စလုံးလေးနဲ့ သော့ချိတ်လေး။သက်လျာတစ်ယောက် Hနဲ့Mလေးကို ၀ယ်သွားလိုက်သည်။
အမ H ကဘယ်သူဖို့ အမနာမည်ထဲမပါဘဲ။
အမ သူငယ်ချင်းဖို့လေ။
ဪ ။
     ဘုရားစုံဖူးရင်း ပြန်ဆင်းလာခဲ့ကြသည်။အခန်းတစ်ခန်းငှားပီး အိမ်ကနေ အမေချက်လာသော အစားအသောက်များကို စားကြသည်။ညနေလောက်ရောက်တော့ ရွှေစက်တော်ရေရဲ့ကြည်လင်မှုကဆွဲဆောင်ပြီလေ။မိသားစုတစ်စုလုံး ရေဆင်းချိုးကြသည်။စိတ်ထဲတွင်လည်း ကလေးနှင့်သာအတူခရီးထွက်ရရင်ဖြင့်စိတ်ကူးယဉ်နေလျက်။ကလေး ဒီချိန်ဘာလုပ်နေပါလိမ့် ရေချိုးတုန်းတန်းလန်း သက်လျာတစ်ယောက် သတိရသွားပီး ဖုန်းဆက်လိုက်သည်။
ကလေး ဘာလုပ်နေလဲ
ဘာမလုပ်ပါဘူး။
မ ကိုမလွမ်းဘူးလား
လွမ်းပါဘူး။
ဟင် တကယ်လား။
တကယ်။
အဲ့ဆို လည်းဒါဘဲ
အင်းအင်း။
  ကလေးသည် သက်လျာထက်ငယ်သော်လည်း သက်လျာကအငယ်လိုဖြစ်နေသည်။ကလေး အချော့စောင့်သော်လည်း ချော့ရဲ့ပင်မလာ။ဖုန်းမဆက်ဘဲလည်း နေနိုင်သူပင်။သက်လျာ ဖုန်းထားပီး ရေပြန်ဆင်းချိုးသည်။ပွဲလမ်းသဘင်လျောက်လိုက်၊မုန့်တွေစားလိုက်နှင့် ညဘက်တရေးအိပ်ဖို့ ပြင်ဆင်ကြသည်။ညရောက်လို့ ကလေး ဖုန်းပင်ဆက်ဖော်မရပင်။အရမ်းနေနိုင်လွန်းလူပင်။မနေနိုင်တော့တဲ့ သက်လျာတစ်ယောက် လိုင်းဖွင့်လိုက်သည့်အခါ ကလေးacc မီးစိမ်းလင်းနေတာကို တွေ့လေသည်။ကလေး အရင်စကားပြောမလားစိတ်ဖြင့် သူမ Fb ကိုအပေါ်ဆွဲလိုက် အောက်ဆွဲ‌လိုက်နဲ့ အချိန်ဖြုန်းနေလိုက်သည်။သက်လျာစိတ်မထိန်းနိုင်တော့ သူဘဲအရင်သွားပြောလိုက်သည်။
ဘာလုပ်နေတာလဲ။လိုင်းပေါ်ကြူနေတာလား။
ဘာလုပ်ပါဘူး
ဒါဆို တို့ လိုင်းပေါ်တက်တာမတွေ့ဘူးလား။
အင်း တွေ့တယ်လေ။
အဲ့ဒါ ဘာလို့စကားလာမပြောတာလဲ။
မ ပြောတာစောင့်နေတာလေ။
မင်းဘက်က အရင်ပြောတော့ ဘာဖစ်မှာမို့။မင်း နေ့လည်ကလုပ်ပုံကောင်းလား။
ကောင်းပါတယ်၊ မ‌ နော် ကလေးက မချော့တတ်ဘူး၊ဘယ်သူ့မှလည်း ကိုယ်မမှားဘဲ ချော့တတ်ဘူး။
ဒါဆို မ ကကော မင်းအတွက်ဘာလဲ။
မသိဘူး။
မင်းကွာ ထားလိုက်တော့။တခြားသူတေနဲ့စကားပြောတာ တို့မကြိုက်ဘူး၊အိပ်တော့။
Omm ခဏနေအိပ်တော့မှာ။
အေး ဒါဘဲ။

    သက်လျာတစ်ယောက် ကလေးစိတ်ကိုပင် နားမလည်တော့ချေ။

     ကျောင်းပြန်ဖွင့်မည့်အရောက်တွင် သက်လျာတစ်ယောက် အစောကြီးကျောင်းကိုသွားသည်။ကလေးနှင့် စော၍ပင်တွေ့ချင်နေပီ။သူမစောရောက်သော်လည်း ကလေးကမရောက်သေးပင်။ထို့နောက် ဖုန်းမြည်လာ၍ ကြည့်‌လိုက်တော့
ကလေး
ဟဲလို ကလေးရောက်ပလား
အင်း ရောက်ပီ အရှေ့မှာ။
အင်းအင်း မ လာကြိုမယ်။
သက်လျာ‌ဖုန်းပြောရင်း ဖိနပ်စီးကာ ကလေး စီအရောက်သွားလေသည်။ကလေးကိုမြင်သည်နှင့် လွမ်းနေသည်ကိုပင်မထိန်းနိုင်ဘဲ ပြေးဖက်လိုက်မိသည်။ကလေးသည် ဒီလိုပြုမူသည်ကိုပင်မကြိုက်။
မ ဘယ်လိုဖစ်နေတာ
လွမ်းလို့လေ။
သူများတေရှိတယ်၊ အကြီးဖြစ်ပြီးတော့။
သူများတေက ဘယ်လိုမှမထင်ဘူး။
ကလေးဘာသာ တွေးနေတာ။
အင်း။
ဘယ်ဟာကူသယ်ကမလဲ။ပေးပေး။
ရော့။မ အကြိုက် အမေက ချဉ်ပေါင်ရွက်ကြော်ပေးလိုက်တယ်။
ဟုတ်လား အဲ့ကြောင့် အမေ့ကို ချစ်နေရတာ။
ကဲ သွားမယ် သွားမယ်။
အင်အင်း။

Hmue

မှားတာရှိ ခွင့်လွှတ်ပါနော်။moti ပေးပါအံး ချစ်သောတို့❤️❤️

" မ "ရဲ့ ကလေး ❤️Where stories live. Discover now