" မ " ရဲ့ကလေး part 11

855 43 1
                                    

    တောစိမ့်သို့ မနက်သွားရမည့် ဖြစ်သည်။ရွာတွေကို ကွင်းဆင်းရမည်ဖြစ်၍ ပစည်းများအားလုံး သိမ်းဆည်းကာ အရေးကြီးလိုမည့်ပစည်းများသာ ယူခဲ့လိုက်သည်။အဖွဲ့များခွဲမပေးရသည့်အတွက် သက်လျာစိတ်တွေလေးလံနေသည်။တစ်ဖွဲ့ကို၇ယောက် ဖစ်၍ ကလေးနှင့်အတူကြသည်ကောင်းမည်။တောစိမ့်သို့ ၂လ ဆင်းရသည်။တစ်လသည် စာသင်၊တစ်လလက်တွေ့ဆင်းဖစ်သည်။သက်လျာ သူမကလေးနှင့်အတူမကျလျှင်ဆိုသည့်စိတ်က လေးလံနေသည်။တချို့သူများသည် ဆရာမတေအောက်မှလွှတ်လက်မည်ဖြစ်၍ ပျော်တေကြသည်။သက်လျာပင် စိတ်မပျော်ဖစ်နေသည်။

ကလေး မ တို့ အဖွဲ့အတူကြရင် ကောင်းမယ်နော်။
အင်းနော် အဲ့ကျရင် လည်စရာရှိတာလည်ရ လွတ်လွတ်လပ်လပ်ဘဲ။
ကလေးနဲ့ တစ်ဖွဲ့ထဲမကြရင် ဘယ်လိုလုပ်မလဲ။
မ တော့ငိုမိမယ်ထင်တယ်။
အေးအေး-ပစည်းတေသိမ်းဆဲနေတုန်း အဖွဲ့တွေခွဲထားတဲ့စာရွက်ကပ်ထားပီတဲ့
အမသက်လျာရေ။
ဟုလား ကလေး တို့တွေ့သွားကြည့်ကြရအောင်။
   အေးအေးနဲ့ သက်လျာတို့အတူ အပြေးအလွှားသွားကြည့်ကြသည်။ရှေ့မှာကြိုရောက်နေသည့် သူများရှိ၍ တိုးပီးတော့ကြည့်နေရသည်။အေးအေးသည် လူကောင်သေးသည့်အတွက် ရှေ့သို့အလွယ်တကူ၀င်ရပြီး ကြည့်နေသည်။မမသက်လျာရေ တို့တွေတစ်ဖွဲ့တည်းကြတယ်။
ဟုလား ပျော်စရာကြီးပေါ့။

   အပျော်တွေလွန်နေသည့်သက်လျာ။ပစည်းတေထုပ်ပိုးရင် ခွဲသွားရရင်ဆိုပီးထည့်ထားသည့်ပစည်းတေအပြင်ထုပ်ပြီး နှစ်ယော
က်ပေါင်းထည့်လိုက်သည်။ညနေဘက်တွင် ဆရာမများမှ စည်းကမ်းလိုက်တာဖို့၊ရှောင်တစ်ခွင်လာစစ်မည်အကြောင်း၊မှတ်စုဘယ်လိုရေးရမည်ကို ပြောလေသည်။ညနေ၅နာရီထိုးသွားသဖြင့် အတန်းပိုင်ဆရာမအားခွင့်တောင်းကာ ညနေ၆ခွဲထိအပြင်ထွက်ခွင့်ပေးရန်တောင်းဆိုကြသည်
ကျောင်းအုပ်ကြီးပြောပေးမယ်။
ရတယ်တဲ့ ၆နာရီခွဲ အကုန်‌ပြန်ရောက်ကြနော်။ကိုယ်ကျတဲ့နေရာမှာလည်း ၀ယ်လို့ရပါတယ်ကွယ်။
ဟုတ်ကဲ့ တီချယ်။

   သက်လျာတို့ ရေအမြန်ချိုးရင်း တောစိမ့်တွင်လိုမည့် ထမင်းအိုး၊ပေါင်းအိုးများ၀ယ်လာကြသည်။အထုပ်တေမနိုင်တော့ သုံးဘီးငှား၍ပြန်လာကြသည်။

" မ "ရဲ့ ကလေး ❤️Where stories live. Discover now