မ ရဲ့ကလေး part 19

724 32 0
                                    

   ညက ဘယ်လိုအိပ်ပျော်သွားပါလိမ့် တွေးရင်း တခြားဘက်လှည့်လိုက်သည့်အခါ

ဟင် ကို ကဘယ်မှာ အိပ်နေတာပါလိမ့်။
ဟန်နီချို ခြင်ထောင်အပြင်ဘက် ထွက်လိုက်ပြီး ကို တစ်ယောက် TVရှေ့ဆိုဖာမှာ ကွေးကွေးလေးအိပ်နေတာတွေ့တော့ ရယ်လည်းရယ်ချင် ၀မ်းလည်းနည်းသွားသည်။

ကို သည် အပေါ်ပိုင်းသာခွဲစိတ်မှုပြုလုပ်ခဲ့သည်ကို တကယ့်ယောကျာ်းလိုမျိုးပြုမူသည့်အခါ ၀မ်းနည်းရပါသည်။တကယ်ဆိုကုတင်မှာ အတူလာအိပ်လို့ရရဲ့သားနဲ့ အပင်ပန်းခံပြီး အိပ်နေသည့် ကို့ အား  စောင်လေးအပေါ်သို့ခြုံပေးပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းသွားလိုက်သည် ။

သွားတိုက်တံ အသစ်တချောင်းတွေ့၍ ထုပ်တိုက်လိုက်ကာ မနက်စာစားဖို့ပြင်ရန် အခန်းမှထွက်လိုက်သည်။

ဪ သမီးလေးနိုးပီလား

ဟုတ်ကဲ့ကြီးတော်။
ဘာတေပြင်ဆင်နေတာလဲ။

ဪ အကိုလေးနိုးရင် စားဖို့ အဆင်သင့်ပြင်ဆင်နေတာ။ကဲသမီးလေးကောဗိုက်ဆာနေပီလား။

မစာသေးပါဘူး။ကို နိုးမှဘဲအတူတူစားလိုက်ပါ့မယ်။

မနေ့ကကြီးတော်ကိုမတွေ့မီပါဘူး။

ကြီးတော်က အခုလိုအလုပ်တေအကုန်ပီးရင် ဟိုဘက်အိမ်ကိုသွားနေပီလေ။
အကိုလေးက ခိုင်းစရာရှိမှ ဖုန်းဆက်ခေါ်ခိုင်းတာ။အကိုလေးက ကြီးတော်တို့မိသားစုရဲ့အားကိုးရာလေးတစ်ခုပဲ။

ဟုတ်ကဲ့ကြီးတော်။ဒါဆို အကုန်ချက်ပီးပလား။သမီးဘာကူလုပ်ပေးရအုံးမလဲ။

ပီးပီးသမီး။အကိုလေးနိုးတဲ့အခါကျ ကြီးတော်ကို လှမ်းခါ်လိုက်နော်။ထမင်းကြော်လေး ပူပူလေးစားရအောင် ပြန်အပူပေးရအောင်လို့။

ရပါတယ်ကြီးတော်ရဲ့။သမီး လုပ်ပေးတတ်ပါတယ် ဒီလောက်က။

ဟုပါပီရှင်။တကယ်လို့လိုရင် လှမ်းခေါ်လိုက်နော်။

ဟုကဲ့။

ကျွန်မ အကို့နိုးသည်ကိုစောင့်ကာ Tvထိုင်ကြည့်နေလိုက်သည်။

9နာရီထိုးသည်ထိ အကိုမထ၍ ကျွန်မသွားနိုးဖို့ပြင်လိုက်သည်။

" မ "ရဲ့ ကလေး ❤️Where stories live. Discover now