Chapter 39📚

2.9K 517 16
                                    

Chapter 39

သမုဒ္ဒရာနှလုံးသားမှာ ငါးပြတိုက်တွင် ဝေလငါးတစ်ကောင်နှင့်အတူ ကပြဖျော်ဖြေရသော သရုပ်ဆောင်တစ်ဦးအကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားတစ်ကားပင်ဖြစ်သည်။ ဝေလငါးနှင့်အတူရင်းနှီးမှုရယူရသောဖြစ်စဉ်တွင် အဓိကဇာတ်ဆောင်မှာ ထိုနတ်သားကဲ့သို့ဖြူစင်ရိုးရှင်းသော ရေသတ္တဝါကြီးကို မေတ္တာသက်ဝင်သွားပြီး ဝေလငါးများအတွက် စတင်၍ကာကွယ်ရန် ကြိုးပမ်းအားထုတ်ခဲ့လေသည်။ မြောက်များလှစွာသော ခက်ခဲကြမ်းတမ်းမှုများအပြီးတွင်မူ အဆုံး၌ တောရိုင်းဝေလငါးများကို ကာကွယ်ရန် နိုင်ငံပေါင်းစုံမှ ဥပဒေထားရှိပေးသည်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

ဇာတ်ကားထဲတွင် ဝေလငါးကြီးနှင့်အတူကရသောအကကို သမုဒ္ဒရာနှလုံးသားဟု ခေါ်ဆိုပြီး အနည်းဆုံးဖျော်ဖြေသူနှစ်ဦးမှ ဝေလငါးနှင့်အတူ အသည်းပုံဖော်ကာ ကပြဖျော်ဖြေခြင်းဖြစ်သည်။

ထောင်ထောင်မှာ ငါးပြတိုက်တွင် အလုပ်လုပ်သောအမျိုးသမီးဇာတ်လိုက်နေရာမှဖြစ်ကာ ဖုန့်ချင်းယွမ်မှာမူ မိသားစုမိုင်းတွင်းတစ်ခုကိုပိုင်ဆိုင်ထားသော အဏ္ဏဝါဇီဝဗေဒပညာရှင်တစ်ဦးအဖြစ် အမျိုးသားဇာတ်လိုက်နေရာမှ ပါဝင်ထားသည်။

တစ်ချိန်တည်းမှာပင် ဤသည်မှာ ထောင်ထောင်၏အဓိကဇာတ်လိုက်နေရာမှပါဝင်သော ပထမဆုံးဇာတ်ကားဖြစ်ပြီး Trailer ပြသပြီးနောက် မကြာမီမှာပင် ၎င်းကို ဒေသခံချန်နယ်များတွင် ရုံးချိန်အတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဖုန့်ချင်းယွမ်မှာ ယခုနှစ်တွင် အသက်၃၅နှစ်ရှိပြီဖြစ်ကာ မြို့တော်အော်ပရာဇာတ်ရုံမှနေ၍ အနုပညာ‌လမ်းကြောင်းထဲသို့ ဝင်ရောက်လာသူဖြစ်ပြီး ကျော်ကြားသောသရုပ်ဆောင်တစ်ဦးလည်း ဖြစ်လေသည်။ သူ၏သရုပ်ဆောင်စွမ်းရည်နှင့် ကျင့်ဝတ်စောင့်ထိန်းမှုမှာ ငြင်းဆို၍မရနိုင်အောင် ကောင်းမွန်လှပြီး သက်လတ်ပိုင်းအမျိုးသားသရုပ်ဆောင်များထဲတွင် စံပြတစ်ဦးအဖြစ်ရပ်တည်နိုင်သူဖြစ်သည်။

ချီရှင်းချန် ဇာတ်ညွှန်းနှင့်ဇာတ်ကောင်မိတ်ဆက်ကို ဖတ်ရှုပြီးနောက်တွင် သူ၏စိတ်အခြေအနေမှာ များစွာကောင်းမွန်မနေချေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now