Chapter 63 📚

1.5K 254 5
                                    

Chapter 63

    
"သူပျောက်နေတဲ့အချိန်က ဒါရိုက်တာရှန့်က 'သမုဒ္ဒရာနှလုံးသား' ရဲ့ ဇာတ်ဝင်​တေး အကြောင်း ဆွေးနွေးဖို့ ထောင်ထောင်ရဲ့အခန်းကို ဆွဲခေါ်သွားခဲ့တာ"

"သူပျောက်နေတဲ့အချိန်က ဒါရိုက်တာရှန့်က 'သမုဒ္ဒရာနှလုံးသား' ရဲ့ဇာတ်ဝင်တေးအကြောင်း ဆွေးနွေးဖို့ ထောင်ထောင်ရဲ့အခန်းကို ဆွဲခေါ်သွားခဲ့တာ"

ချီရှင်းချန်က ၎င်းကို နှစ်ကြိမ်ဆက်တိုက် ရေရွတ်လိုက်ပြီး စကားတစ်လုံးရွတ်လိုက်တိုင်း သူ့နှလုံးသားထဲက မီးတောက်လေးက နည်းနည်းချင်း မြင့်တက်လာသည်။

အဆုံးမှာ ၎င်းက သူ့ဦးခေါင်းထိပ်ထိ ခုန်တက်ပြီး မီးရှူးမီးပန်းတွေ ဖောက်လိုက်၏။ရွှင်လန်းမှုက အလွှာလိုက် အလွှာလိုက် ပွင့်လာပြီး သူ့နှုတ်ခမ်းထောင့်၊ မျက်ခုံးနှင့် မူလ ငန်ကျိကျိစိုစွတ်မှုတို့ စွန်းထင်းနေသော မျက်လုံးတွေဆီ ထိုးတက်သွားသည်။

သို့သော် ရဲဘော်လေးချီက သူ့အမူအရာကို ထိန်းထားပြီး လက်သီးများကို ထပ်မံဆုပ်ထားသည်။
သူက အသံကိုဆောင့်ကာပြောလိုက်၏။

"ဘာလို့ မပြောခဲ့တာလဲ..."

ပိုင်ရဲ့ အံ့ဩသွားသည်။
"ဘာပြောရမှာလဲ"

"ခင်ဗျား ဇာတ်ဝင်တေးအကြောင်း ဆွေးနွေးဖို့ အစ်မထောင်ထောင်ရဲ့ အခန်းကို သွားခဲ့တာကို"

"ဒါရိုက်တာရှန့်က ငါ့ကို သီချင်းတောင်းတာ သာမာန်ပဲမဟုတ်....."

စကားတစ်ဝက်မှာ ပိုင်ရဲ့ ဖန်ငယ်လေးက ဇာတ်ဝင်တေးဿို အာရုံစိုက်နေခြင်းမဟုတ်ဘဲ "အစ်မထောင်ထောင်ရဲ့ အခန်း" အာရုံစိုက်နေခြင်း ဆိုသည်ကို ရုတ်တရက် သတိထားမိလိုက်၏။

ဤရှာဖွေတွေ့ရှိမှုသည် နောက်ဆုံးတွင် သူ၏ လတ်တလောသံသယအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။ အခြားရိုက်ကူးရေးအဖွဲ့များပါရှိနေသည်ကိုတွေ့သဖြင့် ပိုင်ရဲ့ သူ့ကို ကော်လာအနောက်ဘက်ကနေ ဆွဲမကာ "ငါ့နဲ့လိုက်ခဲ့" ဟု တိုးတိုးလေးပြောလိုက်သည်။

ထို့သို့ဖြင့် ချီရှင်းချန်တစ်ယောက် ကြက်တစ်ကောင်လို ဂုတ်ကမ၍ အခန်းသို့ ပြန်ခေါ်သွားခြင်းခံခဲ့ရသည်။သူက ဧည့်ခန်းအလယ်တွင် ခြေထောက်နှစ်ဖက် စုံရပ်ကာ ပိုင်ရဲ့ကို စူးစူးရဲရဲ ကြည့်နေသည်။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now