Chapter 53 📚

2.3K 344 7
                                    

Chapter 53

အချိန်က နေ့လည် နှစ်နာရီလောက်ရှိပြီဖြစ်၏။ အားလုံးက အနည်းငယ်ဗိုက်ဆာနေသည့်အတွက် ထမင်းစားရင်း စကားစမြည်ပြောနေကြသည်။ ဗိုက်တစ်ဝက်ပြည့်သွားသောအခါ စားပွဲထိုးက ဝိုင်နီကို ယူလာပေးသည်။ ဒါရိုက်တာရှန့်က သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။

"ရှောင်ပိုင်က ရှားရှားပါးပါး ဒီနေ့ ငါတို့ဆီလာလည်တယ်...သောက်ကြစို့"

"ကောင်းပြီ"

ဖုန့်ချင်းယွမ်က ပြုံးလိုက်သည်။
"မင်းပြောတဲ့အတိုင်းလုပ်မယ်...ရှောင်ပိုင်ရဲ့ အရက်သောက်နိုင်စွမ်းကို ငါသိတယ်...ထောင်ထောင်နဲ့ရှောင်ချီ မင်းတို့ကော ဘယ်လိုလဲ"

နှစ်ယောက်သား တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ စားပွဲပေါ်ရှိ အသက်အငယ်ဆုံးနှင့် အဆင့်နိမ့်ဆုံးသူ ချီရှင်းချန်က မတ်တပ်ထရပ်ပြီး ဝိုင်ငှဲ့​ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်လိုက်သည်။

သူထိုင်ချလိုက်သောအခါ ပိုင်ရဲ့က သူ့နားနားကိုကပ်ပြီး တိုးတိုးလေးပြောလာလေသည်။
"ဒါက သီးသန့်ပါတီပဲ... ကိုယ့်ကိုကိုယ် အတင်းအကြပ်ဖိအားမပေးနဲ့"

"ကောင်းပြီ ကျွန်တော်သိပါပြီ"
ချီရှင်းချန် ခဏရပ်ပြီး သူ့နားကို ထိလိုက်သည်။

"ကောရောပဲ"

ပိုင်ရဲ့ပြောသည့်အတိုင်းပင် ရှန့်ယွီလျန် ၎င်းတို့ကို အကြိမ်အနည်းငယ်ထက် ပိုသောက်ရန် မဆွဲဆောင်ခဲ့ပေ။ ထမင်းစားပြီးနောက် ရှန့်ယွီလျန်က ဧည့်ဝတ်ကျေပွန်မှု အဆင်မပြေမှာကို ကြောက်သဖြင့် KTV ကိုသွားခိုင်းသည်။

"ကျွန်တော်တို့သွားလို့ရတယ်"
ပိုင်ရဲ့က သိသိသာသာ တွေတွေငေးငေးလေးဖြစ်နေသော သူ့ဖန်လေးကို တစ်ချက်ကြည့်လိုက်သည်။
"ဒါ​ပေမဲ့ ကျွန်တော်တို့မ​သောက်​ဘူး... မနက်​ဖြန်​ရိုက်​စရာရှိတယ်​"

"ကောင်းပြီ... ငါတို့ မင်းစကား နားထောင်မယ်... သွားရအောင်"

.

ချီရှင်းချန်တစ်ယောက် အနုပညာရှင်များနှင့်အတူ သီးသန့်ပါတီပွဲကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းပင်။ သူ့အဆင့်အတန်းကြောင့် လူတိုင်းက ပိုပြီး သီးသန့်ဆန်လိမ့်မယ်လို့ သူထင်ခဲ့မိသည်။ သူတို့တွေ ဤမျှလောက်ပျော်ကြလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now