Chapter 49 📚

1.7K 281 1
                                    

Chapter 49

တိုက်ဆိုင်စွာပင်၊ သူကလည်း ကျောင်းတွင်းအကြမ်းဖက်မှုအကြောင်း ချီကျားကျစ်နှင့် စကားပြောချင်ခဲ့သည်။ ပထမအချက် ကျောင်းတွင်အကြမ်းဖက်မှုမှာ မှားယွင်းသည်။ ဒုတိယအချက်မှာ သူ့အနေဖြင့် ထောင်ထောင်၏မောင်လေးနှင့် ပဋိပက္ခမဖြစ်အောင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ပင်။

"ကျားကျစ်"

ချီရှင်းချန်  သူဝမ်းကွဲ၏အဆင်မပြေသော အကျင့်စရိုက်ကြောင့် တိုက်ရိုက် မပြောနိုင်ဖြစ်နေသည်။
"အစမ်းစာမေးပွဲ ရလဒ်က ဘယ်လိုနေလဲ"

တူများကို စီနေသော ချီကျားကျစ်၏လက် ရပ်တန့်သွားသည်။

ကောင်းပြီ၊ အဲဒါက အဆင်မပြေလောက်ဘူး...
ချီရှင်းချန်က အကြောင်းအရာ ပြောင်းလိုက်၏။

"အခုတလော ဆရာတွေက မင်းကိုမိဘခေါ်ခိုင်းသေးလား"

ချီကျားကျစ်: "…"

ကောင်းပြီ၊ ကျောင်းတွင်းလူဆိုးကတော့ လူဆိုးပါပဲ...

"မင်းက ဘွဲ့ရတော့မယ်... မင်းရဲ့ အတန်းဖော်တွေနဲ့တည့်အောင် ပေါင်းသင်းပြီး အထင်မြင်ကောင်းတွေ ချန်ထားခဲ့စမ်းပါ... မင်းတို့က တစ်ယောက်ကို တစ်ယောက် အနာဂတ်မှာ မတွေ့ရတော့ဘူးမလား"
ချီရှင်းချန်က လိုရင်းသို့ တည့်တည့်သွားခဲ့သည်။

"မင်းမှာ ထောင်ရွှမ်လို့ခေါ်တဲ့ အတန်းဖော်ရှိလား... သူက ငါ့သူငယ်ချင်းရဲ့မောင်လေး... မင်းတို့ချင်း ပိုပြီး အပေါင်းအသင်းလို့ရတယ်"

"ထောင်ရွှမ်…"

ချီကျားကျစ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ မမှတ်မိခင်မှာ ခဏလောက် စဉ်းစားလိုက်ရသည်။

"အိုး အဲလိုလူ ရှိတယ်... ကော စိတ်မပူပါနဲ့...မင်းသူ့ကိုသိတယ်ဆိုမှတော့ ငါသူ့ကိုဂရုစိုက်​​ပေးပါ့မယ်​...သူကနည်းနည်း​လေးထူးဆန်း​နေပေမဲ့လည်းပေါ့..."

"ထူးဆန်းတာလား... သူက ဘာထူးဆန်းလို့လဲ"

"သူက အမြဲတမ်း ​သောက်ကျိုးနဲမျက်နှာ​​သေကြီးနဲ့ဗျာ...ဂိမ်းတွေ၊ ဘတ်စကတ်ဘောတွေလည်း မကစားတတ်ဘူး...သူနဲ့ စကားပြောတဲ့သူတိုင်းကို လျစ်လျူရှုထားတယ်..."

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now