Chapter 85📚

948 179 3
                                    

Chapter 85

ချီရှင်းချန်က ပြီးပြည့်စုံသော အင်္ဂလိပ်မှတ်စာတစ်ခုကို ရေးခြစ်ခဲ့ပြီး၊ ထို့နောက် Kevin အား အင်္ဂလိပ်လို ကျွမ်းကျင်စွာ ရှင်းပြကာ အမှတ်ပေးခဲ့သည်။

Kဖန်များ:[ ]

ဖြတ်သွားဖြတ်လာများ: [ F * ck ဖရဲသီးပုပ်ကြီး]

ကြယ်အလင်းတန်းများ (ခါးထောက်လျက်) : [ငါပြောပါတယ်... မင်းရဲ့ ဒီပလိုမာကို လူတွေကို တိုက်ခိုက်ဖို့ မသုံးနဲ့လို့... ငါ့တိတိက စာမတတ်ဘူးလို့ ဘယ်သူပြောရဲလဲ]

ဖြတ်သွားဖြတ်လာများ နှင့် အခြားဖန်များ: [ငါတို့ မပြောရဲပါဘူး...အရိုအသေမဲ့မိတဲ့အတွက် တောင်းပန်ပါတယ်]

[ငါတောင် ရှောင်ချီလောက်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဘူး]

ကျည်ဆံစခရင်က ချီရှင်းချန်ကို  ပို၍ပို၍ ချီးမွမ်းခြင်းများဖြင့် သိမ်းပိုက်ခံခဲ့ရသည်။ Kဖန်များက အခြေအနေတွေ အဆင်မပြေသည်ကို မြင်ပြီး ရှုပ်ထွေးလျက်ကျန်နေခဲ့သည်။သူတို့က နောက်တိုက်ပွဲအတွက် သူတို့၏ အားကို ချန်ထားချင်ကြသည်။

ကျည်ဆန်စခရင်က နောက်ဆုံးတွင် "ဟားဟားဟား" နှင့် "အား" ၏ကမ္ဘာသို့ ပြန်ရောက်သွားခဲ့သည်။

သို့သော် ကျန်တစ်နာရီကို ငြိမ်ချမ်းစွာ ကုန်ဆုံးမည်ဟု ပရိသတ်က တွေးလိုက်ချိန်မှာပဲ ပို၍ ကြောက်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

သင်တန်းသားများကို အုပ်စုများခွဲလိုက်သောအခါတွင် ယခုနကပွဲ၏လက်သည်တရားခံ ကြယ်အလင်းတန်းအကဲ့ဖြတ်သူက သူ့လက်ထဲတွင် မိုက်ခရိုဖုန်းအပိုတစ်ခုပါလာသည်။

အဝေးကနေဆိုလျှင် တောက်ပနေပေမဲ့ အနီးကပ်မှာ အလင်းတန်းတွေ ထောင်နှင့်ချီပြီး အလင်းပြန်သွား၏။ စူးစမ်းလိုသောအမျိုးသမီးပရိသတ်များသည် မနေနိုင်ဘဲ စခရင်ရှော့များရိုက်ကာ ကြည့်ရှုလေ့လာဆွေးနွေးရန် အမြင့်ဆုံးအထိ ချဲ့ကြည့်ကြသည်။

[အဲဒါက ဓာတုဗေဒစိန်လို့(စိန်အတု) ထင်ခဲ့ပေမဲ့ အဲဒါနဲ့ မတူဘူး]

[စိန်တွေဖြစ်နိုင်လား...စိန်တွေတောင် ဒီလောက်တောက်ပပုံမပေါ်ဘူး]

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Hikayelerin yaşadığı yer. Şimdi keşfedin