Chapter 66 📚

1.4K 215 0
                                    

Chapter 66

ချီရှင်းချန် စိတ်ပျက်လက်ပျက်ဖြင့် အက်ပ်ကို ပိတ်လိုက်သည်။ သို့သော် ကောင်းသောအချက်မှာ ဤမိုက်မဲသော ဗီဒီယိုကြောင့် နောက်ဆုံးတွင် သူသည် ဟာသအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

သိုဝှက်ထားသောနှစ်သိမ့်မှုလိုပါပင်။

"ဝိုး~"

ထိုအချိန်တွင် အန်းရန် ဆင်းလာပြီး ချီရှင်းချန်က သူမထက် စောနေသည် ကိုတွေ့လိုက်သည်။ သူမက မေး၏။
"မနက်စာစားပြီးပြီလား ချောမောလှပတဲ့ချီရှင်းချန်"

"...ကျွန်တော့်ကိုနာမည်ပဲခေါ်"
ချီရှင်းချန် ပြိုလဲကျသွားသည်။
"မစားရသေးဘူး"

အန်းရန်လည်း သူ မစားရသေးမှန်း ခန့်မှန်းမိသည်။ ပြုံးပြီး စားစရာတွေ ပေးလိုက်၏။
"ငါးပြတိုက်မသွားဘူးလား"

"ဟင့်အင်း...ကျွန်တော် ကျောင်းဝင်းထဲကဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ H University ကို သွားမယ်"

"ဒါဆို ပြီးတော့မှာပဲ"
အန်းရန်က သူမ၏ လက်ချောင်းများဖြင့် ရေတွက်သည်။

"တစ်ပတ်လောက်ပဲကျန်တော့တယ်"

"တစ်ပတ်" ဟူသော စကားကိုကြားသောအခါ ကားထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။

အနုပညာရှင်အများစုသည် အသေးစိတ် ခရီးစဉ်များ ရှိကြသည်။ အလုပ်ပြီးလျှင် သူတို့ဘာဆက်လုပ်ရမည်ဆိုသည်ကို သိကြ၏။ချီရှင်းချန်ကအေးဂျင့်မရှိသော အခြေအနေတွင်ရှိနေသည်။သူဘယ်သွားရမလဲမသိ။

အန်းရန်မှာ ချီရှင်းချန်ကို မေးရက်သည့် နှလုံးသားမရှိပေ။ သူမက တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်လိုက်သည်။

"ရှင်းရှင်း...နင်ရဲ့အလုပ်အီးမေးလ်ကဘာလဲ...ငါစစ်ဆေးမလို့"

ချီရှင်းချန်က သူမကို နံပါတ်နှင့်စကားဝှက်ကို ပြောပြခဲ့လိုက်သည်။ အလုပ်ကမ်းလမ်းချက်မရှိမှန်း သူသိသည်။

ချန်နော်ရာက သူ့မည်သူမည်ဝါဖြစ်သည်ကို သိရှိပြီး သူ့အတွက် အလုပ်တစ်ခုစီစဉ်ရန် မဝံ့ရဲခဲ့ပေ။ သူ့တွင် အရင်းအမြစ်များ အတွက် ချန်နော်ရာကို မေးရန်အေးဂျင့်မရှိပေ။ ထုံးစံအတိုင်း၊ သူ့အချိန်ဇယားက အားလပ်နေပေလိမ့်မည်။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now