Meow-28

578 56 0
                                    

Zawgyi

တုန်ရီနေတဲ့လက်တစ်စုံက တစ်ခြားသူအမြင်မှာ ကြောက်စိတ်ဝင်နေတယ်လို့ ထင်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်မအတွက်ကြောက်စိတ်ဝင်နေတာမဟုတ်ဘူး ခံရခက်တဲ့ခံစားချက်မျိုးပါ...

"နင် နင်..."

"အို ဘယ်သူများလဲလို့ အလန့်တကြားနဲ့..."

"ဒီကို ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ..."

"ဘယ်လိုဖြစ်ရမှာလဲ ငါ့သွားတဲ့လမ်းမှာပိတ်နေတော့ လမ်းရှင်းဖို့လာတာ..."

"နင် နင် ဘယ်လိုဖြစ်နိုင်မှာလဲဟာ..."

"ဘာကိုဖြစ်နိုင်တာလဲ... အဟက်😏 ဒီမှာသုဝဏ္ဏ နင့်ကိုငါအခွင့်ရေးတွေအများကြီးပေးခဲ့ပြီးပြီ ဒါပေမဲ့နင်က ဖမ်းမဆုပ်တဲ့အပြင် နင့်အတွက်လုပ်ပေးနေတဲ့ငါ့ကို နယ်နှင်ဒဏ်ပေးခဲ့တယ် ငါကနင့်သူငယ်ချင်း နင်ဘဝရဲ့ငယ်ချစ်ဦးပါ... ရူပဒေဝီရောက်လာတော့ နင်ပြောင်းလဲသွားတယ်နော် ကိစ္စမရှိပါဘူးလေ လက်တွေ့ဘဝမှာ သူကငါရဲ့ ရုပ်သေးရုပ်ဘဲ..."

"ဘယ်လို ရုပ်သေးရုပ်ဟုတ်လား..."

"အွန်းလေ သူမအသက်၁၅နှစ်ပြည့်ပြီးကတည်းက သူမဆီ ကြောင်ရုပ်နဲ့အတူ ဇာတ်လမ်းတွေအများကြီး ဖန်တီးခဲ့ရတယ် ငါပြောင်းတဲ့ခန္ဓာက တော်ဝင်သွေးမလို့ တော်သေးတာပေါ့ မဟုတ်ရင် ရည်မှန်းချက်မအောင်မြင်နိုင်ဘူး..."

"ဘာတွေလျှောက်လုပ်နေတာလဲ မင်းသမီးရတ္တမာလ... ငယ်ချစ်ဦး နင်ဘာတွေပြောနေတာလဲ "

"ဒါပေါ့ ဘယ်မှတ်မိနိုင်မလဲ... သင့်ခမည်းတော်က သုံပန်းမင်းသမီးအဖြစ် ငါ့ကိုခေါ်လာခဲ့တယ် အထီးကျန်ဆန်လွန်းတဲ့ငါ့ဘဝကို နင်ကအဖော်ပြုပေးခဲ့တယ် အလင်းရောင်တစ်ခုလိုပေါ့... မင်းသမီးဧချင်းကလျာကို အမတ်တွေ မျက်မုန်းကျိုးနေတဲ့အချိန် ငါကပေစာအဆောင်ထဲက အဆိပ်ကျမ်းနဲ့ မှော်ကျမ်းကိုလေ့လာခဲ့တယ် ဒါတွေဟာနင့်အတွက်ဘဲ..."

"ဘာကြောင့်လဲ..."

"အိမ်ရှေ့စံကိုသတ်မှာ နင်ဘုရင်မဖြစ်မှာ ပြီးတော့ နင့်အဖေကိုပါငါသတ်မှာ ဒီနေ့ပွဲမှာတော့ နင်တော်ရမဲ့ယောင်းမတော်အသက်ကိုနုတ်ပြီး စစ်ပွဲတစ်ခုကို ငါလက်ဆောင်ပေးမယ်..."

MeowWhere stories live. Discover now