Meow-16

674 70 2
                                    

Zawgyi

ရသမျှ ဘုရားစာတွေထိုင်ရွတ်နေရပြီ...ကလေးတွေ စာမေးပွဲခန်းထဲ အခက်ခဲမရှိစေဖို့ပေါ့...

"မှူးရာ ငါမျက်စိနောက်လာပြီ...ခုမှ အတန်းထဲဝင်မဲ့အချိန်ဘဲရှိသေးတာကို🤨..."

"နင်မသိပါဘူးဟာ...ငါစာပြရတဲ့ကလေးတွေက စာတော်တဲ့သူရှိတယ် အလယ်လတ်လည်းရှိတယ်... ပြီးတော့နည်းနည်းကြောက်စိတ်နဲ့ အားငယ်တဲ့စိတ်လေးတွေရှိကြတယ် သီတာမရဲ့..."

"အေးပါ...ငါ့အတွင်းရေးမှူးမကြာခင်ဒီလိုက်လာမယ်ပြောတယ်..."

"ဘာလို့ အရေးကြီးလို့လားအလုပ်ကိစ္စက..."

"အေး...ပြိုင်ဘက် Companyက မချောင်ဘူးဟ...အခွန်ရုံးတင်မက မြန်မာနိုင်ငံအလုပ်သမားရေးရာကိုလည်းတိုင်တယ်...ပြီးတော့ မြဝတီနယ်စပ်က ခိုးသွင်းတယ်ဆိုပြီး သက်သေတုတွေနဲ့တိုင်သတဲ့..."

"တော်တော်ဆိုးတာဘဲနော်😱..."

"အေး ငါကဟိုမှာအကြီးဆုံးဆိုတော့ ဒီထိရောက်လာရတာဘဲ..."

"အေးပါ နင့်အတွင်းရေးမှူးလာရင် မိတ်ဆက်ပေးဦး...ခုတော့ နင်စားချင်တာမှာစား ငါဘုရားစာရွတ်ဦးမယ်..."

"မပြောချင်ဘူး... သူငယ်ချင်းလေးပြေးကြည့် ဒီတစ်ယောက်တည်းရှိလို့ ချိန်းပါရဲ့😏...ဘယ်နှယ့် ကျောင်းနားက ဒုတ်ထိုးဆိုင်ခေါ်ပြီး အလုပ်လုပ်ခိုင်းရတယ်လို့..."

ငါသာပွစိပွစိလုပ်နေရတယ်...သူကတော့ ဘုရားစာရွတ်နေလိုက်တာ မပြောချင်ဘူး...ဘယ်လိုနေနေပါ နင့်အနား အဖြည့်ခံသက်သက်ဆိုလည်း ငါကျေနပ်ပါတယ်မှူးရယ်☺️...

ပြောရင်းဆိုရင်း နောက်ကအသံကြားလို့ လှည့်ကြည့်လိုက်တာ...သီတာရဲ့ အတွင်းရေးမှူးဆိုတာလေးက ချစ်စရာလေးပါ...သီတာကို ပြောဆိုဆက်ဆံပုံတွေက အရမ်းများချွဲနေသလားလို့... သီတာက ပုံမှန်ပေမဲ့ အဲ့ကလေးမက ငါ့ကိုမြင်လိုက်တိုင်း ဟိုကို မထိတထိသွားသွာကပ်နေတယ်...ကြည့်ရတာ အမြင်မတော်လိုက်တာ...

"ဟဲ့သီတာမ မိတ်ဆက်ပေးဦးလေ..."

သီတာမတဲ့လား...ဟွန့်😒 သီတာဆိုတဲ့မိန်းကလေးက နာမည်သာမိန်းကလေးဆန်တာ...စိတ်ကတော့ ယောက်ျားလေးစိတ်ဆိုတာ ယွန်းသိတာပေါ့...ဒါကြောင့်လည်း မသွန်းဆီက ဂျာကြီးကို တောင်းထားတာ... သီတာဆိုတဲ့ မိန်းကလေးက ယွန်းဆိုတဲ့ မိန်းမအတွက်ဘဲ ဖြစ်စေရမယ်...

MeowWhere stories live. Discover now