Meow-9

1K 103 16
                                    

Zawgyi

မနေ့က အဲလစ်အိမ်မှာလာနေတဲ့ရက်ပေါ့...

ညတာအရမ်းရှည်လွန်းတယ်... ထူးဆန်းတဲ့လေပြေနဲ့အတူ နူးညံ့တဲ့အထိတွေ့တွေကို လေကနေတစ်ဆင့် ခံစားနေရတယ်😔...

"မင်းသမီးရူပဒေဝီ ဒီမြို့မှာနေရတာ သက်တောင့်သက်သာရှိပါရဲ့လား☺️..."

"မှန်လှပါ ရှိပါတယ် မင်းကြီး😊..."

"အရိုးသားဆုံးပြောရရင် ကျွန်ုပ်ရဲ့သမီးတော်က ရူပဒေဝီကို အဆုံးတိုင်စွဲလန်းနေတယ်😌..."

"သိပါတယ် မင်းကြီး..."

"တစ်ခုဘဲ ပွင့်ပွင့်လင်းလင်းပြောရရင် သမီးတော်ရဲ့ကျိန်စာပြေဖို့ ရူပဒေဝီရဲ့ မေတ္တာစစ်လိုအပ်တယ်😔..."

"ရှင်😳... နားကြားများမှားသလား... ကျွန်ုပ်က မိန်းကလေးပါ..."

"နားလည်ပါတယ် ရူပဒေဝီရဲ့အရင်ဘဝက မိန်းကလေးချင်း ချစ်ခင်နှစ်သက်သူပါ☺️...မင်းသမီးသုဝဏ္ဏရဲ့ မိဖုရားဆိုလည်းမမှားပါဘူး... ကျိန်စာစတင်တာက ရူပဒေဝီရဲ့ ဖခမည်းတော်ကပါ..."

"ဘယ်လို နားမရှင်းဘူး🤨..."

"ဒီလိုကိစ္စတွေပြောနေရတယ်ဆိုတာ ကျွန်ုပ်သံသရာစက်ဝန်းမှာ မလွတ်မကျွတ်ဘဲ မနေချင်တော့ဘူး...😌 သမီးတော်ကိုလည်း အမျက်တော်မရှပေမဲ့ သနားဂရုဏာသက်မိသား...လွန်ခဲ့တဲ့ ဝေသာလီမြို့တော် စတင်တည်ထောင်ချိန်မှာ ခုခေတ်စကားအရ လိင်တူချစ်ကြိုက်တဲ့ နန်းတွင်းသူတွေနဲ့ မှူးမတ်တွေ ပေါများလာတယ်... ဗုဒ္ဓဘာသာထွန်းကားလာတဲ့အချိန်မှာ အချင်းချင်းနှစ်သက်သူတွေက ပုန်းကွယ်ပြီး နေလာကြတာပေါ့😣... တစ်နေ့ မင်းသမီးရူပဒေဝီကို ကျွန်ုပ်ရဲ့သမီးတော်က ချစ်ခင်မြတ်နိုး၍ ပိုင်ဆိုင်လိုစိတ်ကြောင့် မှော်အတတ်ယန္တရားတစ်ခုကို ပြင်ဆင်ခဲ့တယ်😔... ဒီယန္တရားက မင်းသမီးရူပဒေဝီ ဘယ်ဘဝရောက်ရောက် သူရှာတွေ့နိုင်ဖို့ပေါ့☺️...အချစ်ရဲ့အတ္တလို့ခေါ်ရင်မမှားပါဘူး...ဒီလိုဘဝဆက်တိုင်း သူမပိုင်ဆိုင်ဖို့တွေးတာက ရူပဒေဝီရဲ့ ကံကြမ္မာကို လှည့်စားတာနဲ့အတူတူဘဲလေ... ဒါကို မင်းသမီးရဲ့ဖခမည်းတော်သိသွားတော့ သုဝဏ္ဏဒေဝီကို ကျိန်စာတိုက်စေခဲ့တယ်... ဘယ်ဘဝရောက်ရောက် မင်းသမီးရူပဒေဝီက ရုပ်ရည်ရူပကာတင့်တယ်ရုံမက လူချစ်လူခင်ပေါများပါစေ လိုအပ်တဲ့ အခြွေရံတွေနဲ့တကွ လိုတိုင်းတ တတိုင်းရတဲ့ ကလေးဖြစ်စေဖို့နဲ့ သုဝဏ္ဏဒေဝီက မင်းသမီးကို ရှာတွေ့ခဲ့ရင် ရူပဒေဝီအပေါ်ချစ်ခင်စိတ်မယိုင်စေဖို့နဲ့ ဒီယန္တရားအစီမံတွေက မင်းသမီးရူပဒေဝီ သုဝဏ္ဏဒေဝီကို ချစ်ခင်စုံမက်တဲ့နေ့ ပြီးဆုံးမည် ဆိုပြီးတော့ပေါ့😌..."

MeowWhere stories live. Discover now