Meow-11

942 92 5
                                    

Zawgyi

မိုးသံတွေက အတိတ်ရဲ့လွမ်းဆွတ်မှုတွေကိုခေါ်နေသယောင်ယောင်ဘဲ... လေပြေလေညင်းရဲ့ အထိတွေ့ကလည်း ချစ်သူကိုမျှော်လင့်စောင့်စားနေရပုံဘဲ...

"ဟူး..."

"ရွှေစိတ်တော်ညှိုးနွမ်းနေတော်မူနေပါသလား အရှင့်သမီး😔..."

"အထိန်းတော်ကြီး ငါ အရှင့်သမီးတော်ဖြစ်သည့်အလျောက် လိုက်လျောညီထွေစွာ ဆင်ခြင်သုံးသပ်နေထိုင်ခဲ့တယ်... ဘာကြောင့်များ ငါ့လိုအကျင့်စင်ကြယ်အောင်နေတဲ့မင်းသမီးက ကျိန်စာတွေကြား ပိတ်မိနေရတာလဲ😞... ခုကြည့်ပါဉီး​ဝေသာလီပြည်ကနေ မြောက်ဉီးမြို့တဲ့... ရာသီတွေရက်တွေအလီလီပြောင်းလဲလာပြီး... နွေမိုးဆောင်း ငါ့ရုပ်နာမ်ကို ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ အထိန်းတော်တွေလည်း ငါ့အနားမှာမရှိတော့😞... နောက်ဆုံးအထိန်းတော်ဖြစ်တဲ့ မှူးစစ်ပိုင်ဆိုတဲ့ကလေးလည်း ငါ့လက်ပေါ်မှာကြီးပြင်းပြီး ငါ့အနားကထွက်ခွာသွားပြန်ပြီ😔..."

"အရှင့်သမီး...မင်းသမီးဟာ မည်သူ့မည်သည့်အရာပေါ်မှ ကာယကမ္မနဲ့အသားနာအောင် စိတ်ဆင်းရဲဒုက္ခရောက်အောင်မပြုလုပ်ခဲ့😌... မင်းသမီးရဲ့ အမြွာညီမတော်ကြောင့်သာ သံသရာစက်ဝန်းကျိန်စာထဲ ပိတ်လှောင်မိနေတာဘဲ🤨... အထိန်းတော်မှူးစစ်ပိုင်ကိုလည်း မင်းသမီးဧချင်းကလျာကအဆုံးသတ်လိုက်တယ်...  နောက်ပြီး အရင်ဘဝကတော်စပ်ခဲ့တဲ့ မင်းသမီးရဲ့ယောက္ခထီး ဒီဘဝရဲ့ဆရာမကိုလည်း သူသတ်လိုက်ပြန်တယ်😔... မင်းသမီးကတော့ ကြင်ယာတော်ကို စောင့်ရှောက်နေရင်းနဲ့ဘဲ အချိန်တွေကုန်လွန်လိုက်တာ... ခုအရှင့်သမီးရဲ့ သမီးတော်လေးသုန္ဒရီဒေဝီတောင် လူဝင်စားနေပြီ... အရှင့်သမီးရဲ့ ဝဋ်​ကြွေးတွေလည်း မင်းသမီးဧချင်းကလျာကြောင့် ပိုပြင်းထန်နေပြီလေ😨... ယခု ကျေးဇူးရှေ့တော်သွင်းပြီး မင်းသမီးရူပဒေဝီရဲ့မေတ္တာကို ပြန်လည်တူးဆွချိန်ရောက်နေပြီ🙄..."

"ညီမတော်က ရူပဒေဝီ ခေါ်  နန်းကြယ်ဖြူလေးကို မေတ္တာသက်ဝင်ပုံမရ🤔... အဘယ်အငြိုးတွေကြောင့် ဒုက္ခလိုက်ပေးနေမှန်းမသိတော့😦..."

"သံတမန်တွေပြောကြားချက်အရ မင်းသမီးဧချင်းကလျာဟာ သွေးအေးရက်စက်ရုံတင်မက မင်းသမီးသုန္ဒရီဝင်စားတဲ့ခန္ဓာကိုယ်ကိုပါ အန္တရာယ်ပြုနေပါပြီ😬... ခုချိန် အရှင့်သမီး တွေဝေငေးမှိုင်နေရမဲ့ ကာလတစ်ခုမဟုတ် ပြန်လည်သုံးသပ်ပြီး ရန်ကုန်အရှင့်သမီးအိမ်တော်ကို ပြန်တော်မူပါ..."

MeowWhere stories live. Discover now