Meow-8

1.1K 114 5
                                    

Zawgyi

သာယာတဲ့မနက်ခင်းလေးဘဲ☺️...ခုလို မစုမနှိုးဘဲစောစောထတာ နေသားမကျသေး😔...မနေ့က ဆရာမမျက်နှာမကောင်းဘူး နေမကောင်းလို့လား ဒါမှမဟုတ် လာကြိုနေကြအစ်မ မရှိလို့များလား🤔...

"Morning Honey😘..."

"ဟမ်😱 ရှင် ရှင် ဘယ်သူလဲ..."

"အော်ကလေးရယ် တစ်ရက်လောက်သတိလာမပေးတာနဲ့ မင်းက ကိုယ့်ကို မေ့သွားတာလား😏..."

"ဘာတွေလာပြောနေတာလဲ ကြယ်လေးအခန်းထဲက ခုချက်ချင်းထွက်သွားပါ😒..."

"အိုကွယ်😌ကျွတ် ကျွတ် စိတ်မကောင်းစရာဘဲ... မင်းရဲ့အခန်းဆိုတာ သေချာရဲ့လား ပြန်ကြည့်လိုက်ပါဦး ကိုယ်တို့နှစ်ယောက်ရဲ့အခန်းပါ☺️..."

သေချာပြန်ကြည့်မိတော့ နန်းတော်ပုံစံ ပြဿဒ်အဆောင်အယောင်တွေနဲ့ ငါ့ကို သူခေါ်လာပြန်ပြီလား🤨...

"မင်းသမီးလေး ဖခမည်းတော်က အမှာတော်ပါးလိုက်ပါတယ်☺️..."

"တယ် လျှောက်တင်စေ😒..."

"မင်းသမီးရူပဒေဝီနဲ့အတူ ညီလာခံကို အခစားဝင်စေ... အမိန့်တော်နာမခံပါက မင်းသမီးသုဝဏ္ဏဒေဝီနဲ့အတူ မင်းသမီးရူပဒေဝီအား အခန်းပိတ် ပြန်လည်သုံးသပ်စေမည့်သာဓကအပြင် ကြိမ်ဒဏ် ဆယ်ချက်နဲ့..."

"ဟိုးထား ကောင်းလေစွ😏... ဖခမည်းတော်အား ပြန်လည်လျှောက်တင်လိုက်ပါ၏...ညီလာခံတက်ရောက်မည် ယမန်နေ့တော့မဟုတ် အဘယ်ကြောင့်ဆို မင်းသမီးရူပဒေဝီကို အချိန်ဆွဲခေါ်ယူ၍မဖြစ်ကြောင်း ပြန်လည်လျှောက်တင်စေ😏..."

"မှန်လှပါ ကျွန်တော်မျိုးမ အမှာတော်အား ခွင့်ပြုပါ..."

"သွားစေ😒..."

"ဝါး...အင်း ပျင်းစရာကြီးပါလား... ရှင်ကခေါ်တုန်းက ခေါ်ပြီး ခုကျတော့ 😐..."

"မင်းလေးက ပျင်းတယ်ဆိုတော့ ကိုက မင်းအပျင်းပြေအောင် ဆော့ကစားပေးရမှာပေါ့😈..."

"ရှင်😳 မယုတ်မာနဲ့နော် လွှတ် လွှတ်..."

"ကြယ်လေး သမီလေး ထတော့... ကလေးကအိမ်မက်ဆိုးတွေမက်နေပုံဘဲ☹️..."

မာမီဆရာမဆီက အဆောင်ကို ခေါင်းရင်းနားထားခဲ့တယ်😳... ခုမရှိတော့ဘူး ဘယ်သူအခန်းထဲဝင်သေးလဲ... အဆောင်ကိုယူသွားတာလား ဖျက်ဆီးပစ်လိုက်တာလား🤨...

MeowWhere stories live. Discover now