Meow-37

748 56 0
                                    

Zawgyi

ရာသီတွေအလီလီပြောင်းရွေ့နေပြီ မုန့်တိုင်းကပိုပြင်းထန်လာသလို တောင်သူလယ်သမားတွေကလည်း မိုးမရွာလို့ယစ်ပူဇော်ပွဲတွေကျင်းပခိုင်းနေပြီ ရတ္တမာလကို မတွေ့သေးဘူး မမရာနဲ့ခွန်းကြီးလည်းပြန်သွားတာ တစ်နှစ်လောက်ရှိနေပြီ ကြယ်လေးရဲ့ပစ္စုပ္ပန်မှတ်ဉာဏ်လည်း မရှိတော့ဘူး😔...

"အရှင့်သမီး နတ်နဂါးပူဇော်ပွဲအတွက် ကြက်အကောင်လေးဆယ်နဲ့ ခြေလေးချောင်းတိရစ္ဆာန်တွေကို ယစ်ပူဇော်ပွဲကြွရောက်ချီးမြှင့်ပေးဖို့ အမတ်မင်းတွေတောင်းဆိုနေပြီ..."

ငါကသူတစ်ပါးအသက်ကိုကယ်တင်ဖို့ မြင့်မြတ်တဲ့ဆရာဝန်အလုပ်ကိုရွေးချယ်တယ် ဒီလိုသတ္တဝါတွေကိုစတေးပြီး မိုးရွာသွန်းဖို့ ယစ်ပူဇော်ရမယ်ဆိုရင် လိပ်ပြာလုံနိုင်မယ်မထင်😌...

"ညီလာခံကို အမတ်မင်းတွေအကုန်တက်ရောက်စေ..."

"မှန်လှပါ အမတ်မင်းတွေအကုန်စုဝေးနေပါပြီ..."

"ကဲ နက္ခတ်တာရာပညာရှင်ပြောကြားချက်အရ ငါကိုယ်တော်မြတ် တိရစ္ဆာန်တွေသတ်ရန်မလို့ ကျွဲနွားကြက်ဝက်တွေကို ဘေးမဲ့ပေးတော်မူမယ် မိုးရေမရတဲ့အတွက် ရေလှောင်ကန်တွေ ဆည်တွေတည်ဆောက်မယ် ချောင်းတွေမြောင်းတွေထဲ အမှိုက်ပိတ်စို့ခြင်းတွေ မပြုလုပ်ရ ငါကိုယ်တော်ရာဇသံအမိန့်..."

"အရှင့်သမီး ညီလာခံခန်းမထဲ မှူးမတ်ဗိုလ်ပါတွေ ငြင်းခုံနေကြပါပြီ😳..."

"ဟူး... လွယ်လွယ်နဲ့လက်သင့်မခံနိုင်တာ သိပါတယ် ငါ့အမိန့်တော်ဖီဆန်ရဲတဲ့ မင်းဆွေစိုးမျိုး မှူးမတ်မျိုးရိုး ရွှေခေါင်းပြောင်သူဌေးမျိုးရိုး သူကြီးမျိုးရိုး ဖရဲကျွန်မျိုးရိုး သီရိလင်္ကာဘွဲ့ရပညာရှိမျိုးရိုးအကုန် အမှတ်သည်းခြေရှိအောင် ကြိမ်ဒဏ်အချက်တစ်ရာချမှတ်စေ😠..."

"ဆင်ခြင်သုံးသပ်တော်မူပါ အရှင့်သမီး... ယစ်ပူဇော်ခြင်းဟာ တိုင်းပြည်ရဲ့ကောင်းကျိုးရလဒ်အတွက်သာ အသုံးချခြင်းဖြစ်ပါတယ်... လူ့အကျိုးငှာ အသုံးချခြင်းမဟုတ် နတ်နဂါးအလို့ငှာ စတေးခြင်းသက်သက်သာဖြစ်ပါကြောင်း..."

MeowWhere stories live. Discover now