Part 2

360 11 2
                                    

Chapter 2
ကျနော် အခန်းထဲမှာပဲ နေနေတာ အချိန်တော်တော်ကြာပြီ.....

တိတိကျကျပြောရရင် ၃ရက်...

နောက်ဆုံးconcertပွဲပြီးကတည်းက အခန်းထဲပဲအောင်းနေမိတာ ...
ဆူညံလှုပ်ရှားပြီးတော့ ခြေကုန်လက်ပန်းကျသွားတာလားမသိ ...
ကျနော့မှာ လှုပ်ရှားရမှာကို အရမ်းငြီးငွေ့နေတာ

အဲဒါကြောင့် ပြတင်းပေါက်ကခုံမှာထိုင်ရင်း ခြံထဲက ပန်းပင်တွေကြည့်တယ် ကောင်းကင်ကိုကြည့်တယ်....

နည်းနည်းလေးပျင်းလာရင် canvasပေါ်မှာ အရောင်တွေဆော့တယ် ...

အငယ်ကောင်ကတော့ ပန်းချီဆွဲတာတဲ့
တကယ်တော့မဟုတ်ဘူး ကျနော်က အရောင်တွေဆော့တာ...

စိတ်ကူးထဲပေါ်လာတဲ့အရောင်တွေကို canvasပေါ်မှာ လိုချင်သလိုပုံဖော်ဆော့တာ...

ပန်းချီဆွဲရအောင် ကျနော်မှ ပုံမဆွဲတတ်ဘဲ
အဲ့လိုပြောတိုင်း အငယ်ကောင်က ပုခုံးတွန့် လက်မြှောက်ပြပြီး ရယ်လေ့ရှိတယ်

အော် အငယ်ကောင်ဆိုတာလား အမြဲတမ်းလက်လက်ထနေတတ်တဲ့ လူတကာကိုစနောက်နေတတ်တဲ့ ကျနော်တို့အဖွဲ့က အငယ်ဆုံး

အော် ဟုတ်သားပဲ ကျနော်က ကိုယ့်အကြောင်းကိုမိတ်မဆက်ပေးရသေးဘူးပဲ
ကျနော့ရဲ့ stage nameက Demo

Demoဆိုတာ သိတယ်မလား သီချင်းတွေရေးတဲ့အခါ နောက်ဆုံးproduceမလုပ်ရသေးခင် versionကိုပြောတာ...

ကျနော်ကလဲ ကိုယ့်ကိုယ်ကို နောက်ဆုံးproduceလုပ်လို့ရတဲ့အထိ ပြီးပြည့်စုံသွားတဲ့ versionမဟုတ်ဘဲ Demoအနေနဲ့ပဲရှိသေးတယ်လို့ယူဆမိလို့ stage nameပေးဖို့စဉ်းစားတော့ Demoလို့ပဲ ပေးခဲ့တာ...

ဟိုးအရင်ငယ်ငယ် အမေပေးတဲ့နာမည်က ထင်လင်းသန့်တဲ့....

ကျနော် ဒီအလုပ်ကိုစလုပ်တော့ ခင်မိတဲ့သူတွေထဲက အငယ်ကောင်လဲ အပါအ၀င်ပေါ့

သူလဲ သူ့ဟာနဲ့သူ နာမည်ရနေတဲ့ singerတယောက်ပါပဲ

သူ့ကိုအားပေးတဲ့သူတွေကို နွေးနွေးထွေးထွေးဆက်ဆံပေးတတ်လို့ အားလုံးက ဝိုင်းချစ်တာခံနေရတဲ့သူပေါ့

ကျနော့အတွက် ရင်ဘတ်ချင်းအနီးဆုံးပေါင်းမိသူတွေက လက်တဖက်စာတောင် မရှိချင်ပါဘူး

ကျနော်လိုအပ်သမျှဘေးကအကုန်ဖြည့်ဆည်းပေးတဲ့ ကျော်ဇင်ရယ်

သီချင်းတွေအတူတူလုပ်ဖြစ်လေ့ရှိတဲ့ နေသာနဲ့ မီရှယ်လ်ရယ်

နောက် ကျနော် ပြောပြောနေတဲ့ မျောက်လောင်း အငယ်ကောင် လင်းထက်ရယ် ဒီလောက်ပါပဲ

ဒီလောက်နဲ့ပဲ ကျနော်လုံလောက်ပါတယ်။

ကျနော် ပြတင်းပေါက်မှာထိုင်နေရင်းနဲ့ပဲ ပျင်းတိပျင်းရွဲနဲ့ အိပ်ရာဘက်လျှောက်သွားပြီး နောက်ထပ်အိပ်ပစ်ဖို့ ကြိုးစားလိုက်တယ်။

ချစ်မိသွားတဲ့အခါWhere stories live. Discover now