Part 14

174 11 2
                                    


Chapter 31

မြတ်လေးနှင့် ချိန်းထားတာမို့ သွားဖို့ပြင်ဆင်ပြီး ဖုန်းကိုရှာတော့ အားကုန်နေတာမို့ အားသွင်းမထားမိသည့် ကိုယ့်ကိုယ်ကိုပဲ စိတ်တိုမိတော့သည်။

Power Bankယူလိုက်ပြီး သွားရင်းနဲ့အားသွင်းတော့မယ်လို့ တွေးလိုက်သည်။

ဖုန်းအားသွင်းဖို့တောင် အာရုံမရသည့် ကိုယ့်အဖြစ်ကိုပင် ရယ်ချင်ချင်။

“ဝေဝေရေ”

“ရှင် မမ”

“ငါ့ဖုန်းက အားကုန်နေလို့ ကိုကိုရှာနေမှာစိုးလို့ ၊ နင့်လှမ်းမေးရင် ချိန်းထားတာရှိလို့ အပြင်သွားတယ်လို့”

“ဘယ်သွားတယ်လို့ ပြောရမလဲ မမ၊ ကိုကိုကြီးက နေရာမမေးထားရင် ဆူမှာ”

“S Hotel , အသိတယောက်နဲ့လို့”

Demoမှာ သတင်းစာရှင်းလင်းပွဲကအပြန် ဖုန်း၀င်လာတာကြောင့် ဖွင့်ကြည့်တော့ မြတ်လေး။

“ရှင်တော်တော် ယုတ်မာတာပဲ”

ဖုန်းကိုင်ကိုင်ချင်း ထွက်လာသည့်အသံကြောင့် Demoရယ်လိုက်မိသည်။

“ယုတ်မာတယ်၊ ငါကလား? ဘာတွေများ ယုတ်မာမိလို့လဲ?”

“ရှင်စောင့်ကြည့်နေလေ ၊ ရှင်နိုင်တာလား ၊ ကျွန်မနိုင်မှာလားဆိုတာ”

“ကြည့်ပါ နိုင်တာ ရှုံးတာစိတ်မ၀င်စားဘူး ၊ နောက်တခါ ငါ့ကို မဆင်မခြင်လာမထိဖို့ပဲ နားလည်ထား”

“အိုကေလေ ဒါနဲ့ ကျွန်မ အခု ဘယ်သူနဲ့တွေ့မလို့လဲဆိုတာသိလား”

“ဘာ”

“လွန်းဆက်နဲ့ တွေ့မလို့”

“မင်းး”

“ဖြေးဖြေးအော်ပါ ၊ နားစည်တောင် ကွဲတော့မယ်၊ ဘယ်သူက Storyအရေးကောင်းလဲဆိုတာ တခါလောက် ပြိုင်ကြည့်မလား”

သူဖုန်းကို ချက်ချင်းချလိုက်ပြီး လွန်းဆီ လှမ်းခေါ်လိုက်သည်။

ဖုန်းက စက်ပိတ်ထားသည်တဲ့။

ကိုဇေယျာဆီ အကျိူးအကြောင်းလှမ်းပြောတော့ စိတ်မပူဖို့နဲ့ အိမ်ကို လှမ်းမေးပေးမယ်လို့ ပြန်ပြောသည်။

ခနနေတော့ ကိုဇေယျာဆီက ဖုန်းပြန်၀င်လာသည်။

“S Hotelတဲ့ ညီ”

“ကျော်ဇင် ၊ အခုချက်ချင်း S Hotelကို မောင်း၊ အမြန်ဆုံးရောက်အောင်မောင်း”

***************************************
Chapter 32

Hotel ကားပါကင်မှာ ကားရပ်လိုက်ရင်း သတင်းထောက်တွေ တွေ့လိုက်တာမို့ လွန်းအံ့ဩသွားသည်။

ချစ်မိသွားတဲ့အခါWhere stories live. Discover now