Part 4

231 10 2
                                    

Chapter 4
ဒီးးးးးဒီးးးးးးဒီးးးးးးဒီးးးးးးး"

စားပွဲပေါ်တင်ထားခဲ့တဲ့ ဖုန်းဆီက vibrateသံကိုကြားတော့ မီးဖိုကိုပိတ်ပြီး ‌ဖုန်းကိုပြေးကိုင်လိုက်တယ်။

Screenမှာ ပေါ်နေတာက My Boss ဆိုတဲ့ contact name---

"Congratulations ငါ့ညီ Tokyoမှာရော Osakaမှာရော concert၂ပွဲလုံး အခက်အခဲမရှိ အောင်မြင်စွာပြီးဆုံးသွားတဲ့အတွက်"

ဖုန်းကိုင်ကိုင်ချင်းပဲအကိုဇေယျာ့အသံကို ကြားလိုက်ရတယ်..

ကျနော် ရယ်လိုက်ရင်းနဲ့ပဲ
"ဂုဏ်ပြုတာစောနေတယ် အကို နောက်concertပြီးမှ တခါတည်းပေါင်းပြောတာမဟုတ်ဘူး"လို့ပြောလိုက်တော့ အကို့ရဲ့ တဟားဟားအော်ရယ်သံကို ကြားလိုက်ရတယ်

"Sorryပါကွာ နောက်ကျသွားလို့ ငါက မင်းလုပ်နိုင်မယ်လို့ ယုံကြည်ပြီးသားမို့ပါ မင်းဆီကို မဆက်ဖြစ်ပေမဲ့ အခြေအနေ‌တွေကို ကျော်ဇင့်ဆီ ငါအမြဲcheckနေပါတယ်ကွ"

"Omm checkရမယ်လေ Producer သူဌေးဖြစ်ပြီး မcheckရင် စာချုပ်ထပ်မချုပ်ဘူး"

"ဟေး ဟေး မလုပ်ရဘူး Don't do that နေဦး ငါ့ညီ ပြီးမှ အကိုအေးဆေးပြန်ဆက်လိုက်မယ် အလုပ်လေးပေါ်လာလို့"

"အိုကေ အကို See you !Bye" လို့ပြောရင်း ဖုန်းချလိုက်ပြီး ချက်ပြုတ်ရေးလုပ်ငန်းစဉ်ကိုပဲ ပြန်စလိုက်တော့တယ်

Chapter 5
ရေးးးးရေ့ရေး‌းးးရေး ဟေးးးးးးလာ လာ လာ ဒီးးးးဒီးဒီ

အသံပေါင်းစုံ ဆူညံသံပေါင်းစုံနဲ့ လင်းထက်အသံကို canvasပေါ် အရောင်တွေဆော့နေရင်း ကျနော်ကြားလိုက်ရတယ်

နောက် အကိုရော လို့လှမ်းအော်မေးလိုက်တဲ့အသံ

မင်းအကို အခြေအနေမကောင်းဘူးဆိုတဲ့ ကျော်ဇင့်အသံ

"ဘာဖြစ်တာလဲ ကျော်ဇင်"

"ထုံးစံအတိုင်းပဲ မနေ့က သီချင်းရေးနေရင်း ဘာဖောက်သွားမှန်း မသိဘူး အကုန်လုံး လွှင့်ပစ် ဒီအလုပ်မလုပ်တော့ဘူးနဲ့ အော်နေတာ ပြီးတော့အထီးကျန်လို့တဲ့"

"ဟင် အထီးကျန်နေတာလား အာ့ဆို အငယ်လေးရှိတယ်လေ အကိုရေ ကျနော်လာပြီ"ဆိုတဲ့ အသံကြားကြားချင်း ပန်းချီခန်းရဲ့ အခန်းတံခါးကို ကျနော်ဆွဲပိတ်လိုက်တော့တယ်...

ဒါပေမဲ့ မရပါဘူး အခန်းပေါက်၀မှာ ပေါက်ကရအသံတွေနဲ့ ကျနော်ထွက်မလာမချင်း တံခါးခေါက်အော်နေတာကြောင့် နောက်ဆုံးတော့ ကျနော်ပဲ အရှုံးပေးပြီး အခန်းပြင်ထွက်လိုက်ရတော့တယ်

အခန်းထဲက ထွက်ထွက်ချင်း နောက်ကလှမ်းဖက်လိုက်တဲ့ အငယ်ကောင့်ကြောင့် ကျနော်ရယ်လိုက်မိတယ်

အဲ့လိုသူ့ရဲ့ အကျင့်တွေကြောင့် သူနဲ့ကျနော့်ရဲ့ ကောလဟာလတွေက အများကြီး ။

အဲ့ဒါလဲ သူဂရုမစိုက်ဘူး။
ဘာဖြစ်လဲ ကျနော်က အကို့ကိုချစ်တာ ဘယ်လိုချစ်လဲဆိုတာ သိရမဲ့သူတွေသိတယ် ဂရုမစိုက်ဘူးဆိုတဲ့ စကားက သူ့လက်သုံးစကား။

ဘယ်လောက်ပဲ အောင်မြင်မြင် အကိုတွေနဲ့တွေ့ရင် ကလေးဆိုးကြီး ပုံစံပြောင်းသွားတဲ့ Mr.Hulkလို့ နေသာက နာမည်ပေးထားတယ်။

ကျနော် ရယ်လိုက်မိတော့ "မြင်လား ငါရှိရင် အကိုရယ်တယ်ကွ ဟေ့ရောင်ကျော်ဇင် မြင်လား"ဆိုပြီး နောက်ကနေဖက်ထားရင်း အော်‌နေတော့တယ်။

  “နားငြီးတယ် ဟေ့ကောင်” လို့ ပြန်အော်လိုက်တော့  လျှာတစ်လစ်ထုတ်ရင်း စပ်ဖြဲဖြဲနဲ့ ဆိုဖာဆက်တီပေါ် ခုန်တက်ထိုင်လိုက်တဲ့ အငယ်ကောင်ကို“ဟေ့ကောင် ခုံပျက်မယ်”လို့ အော်ရင်း သူသောက်နေကျ အအေးဘူးကို ချပေးလိုက်တယ်

"အကို အပြင်သွားရအောင် concertရှိမှ ပွဲရှိမှ အပြင်ထွက် ကျန်တဲ့အချိန် အိမ်တွင်းအောင်းနဲ့ အကို့ကြည့်ရတာ Zombieကြီးနဲ့ တူလာပြီ"

"မသွားချင်ဘူး စိတ်ရှုပ်တယ် နောက်က လူတွေလိုက်နေတာ ဓာတ်ပုံရိုက်နေတာတွေ မခံစားနိုင်ဘူး စိတ်လွတ်ကိုယ်လွတ်မရှိဘူး အိမ်ထဲမှာပဲ လွတ်လပ်တယ်"

"Hrrr စိတ်ချ အဲ့လိုမဖြစ်စေရမဲ့နေရာကို သွားမှာ လာပါ ထ သွားမယ် "

"အင်း ခန အ၀တ်အစားလဲလိုက်ဦးမယ် ဘယ်သွားမှာလဲ အ၀တ်အစားconceptစဉ်းစားရအောင်"

"ဟား ဟား ဟား အပြင်မသွားချင်လို့ပဲ ငါ့အကိုရာ ဘာconceptမှစဉ်းစားမနေနဲ့ Demoဆိုတာ fashionမလိုဘူး Demoက fashionဖြစ်နေပြီးသားမို့"

"မရဘူး ငါအခုသွားမှာ Demoအနေနဲ့မဟုတ်ဘူး ထင်လင်းသန့်အနေနဲ့ သွားမှာ ဘယ်သွားမှာလဲ"

"Club နဲ့ Rooftop Bar လူသန့်တယ် စိတ်ရှုပ်စရာမရှိဘူး ကျနော်တို့ အသိုင်းအဝိုင်းထဲကသူတွေ အလာများတယ် အေးဆေးတယ်"

ကျနော်လဲ မျက်နှာမဲ့ပြလိုက်ရင်း "မင်းအဆိုတော် မလုပ်နဲ့ Bloggerလုပ် Bar & club Blogger "လို့ပြောပြီး လှည့်ထွက်လာခဲ့လိုက်တယ်။
လင်းထက်ကတော့ အော်ရယ်ရင်း ကျန်နေခဲ့လေရဲ့။

ချစ်မိသွားတဲ့အခါWhere stories live. Discover now