Part 12

141 8 0
                                    


Chapter 27

ကလင်

ဖုန်းထဲကို Message၀င်လာသံကြောင့် ဖွင့်ကြည့်လိုက်တော့ သူနဲ့ လွန်းပုံ

“ဘယ်လိုလဲ ၊ အခု လူတွေ Sensitiveအဖြစ်ဆုံးအရာက စနိုက်ကြော်ဇာတ်လမ်းလို့ထင်တယ်”

စာကို ဖတ်ရင်း ဒေါသတကြီးနဲ့ အဲ့ဒီဖုန်းနံပါတ်ကို ပြန်ခေါ်လိုက်သည်။

“မြတ်လေး”

“လန့်လိုက်တာ ကိုလင်းရာ၊ မတွေ့ရတာကြာပြီကို အရမ်းအော်တာပဲ”

“လျှောက်ပြောမနေနဲ့ မြတ်လေး၊ မင်းလိုချင်တာ ဘာလဲ”

“ဒါပဲလေ”

“ဘာ”

“ဟား ဟား ဟုတ်တယ်လေ၊ မြတ်လေးမှ မရရင် ဘယ်သူမှ မရစေချင်တာ မြတ်လေးအကျင့်ပဲလေ၊ မြတ်လေးမရတဲ့ ကိုလင်းအချစ်ကို အခုမှ တွေ့တဲ့သူက ရစရာလား”

“မင်း ရူးနေလား”.

“ဟုတ်တယ် ရူးနေတာ ၊ အရူးနဲ့ တပွဲတလမ်းတွေ့ချင်ရင် ရှေ့ဆက်တိုးပေါ့”

ပြောရင်း ချသွားသည့်ဖုန်းကြောင့် နံရံကို ပစ်ပေါက်ခွဲလိုက်မိသည်။

လူတိုင်းက အချစ်နဲ့ ထိုက်တန်တယ်ဆို၊ သူ့ကျတော့ရော.......

ရှေ့က နံရံကိုပဲ အားကုန်လက်သီးနဲ့ ထိုးချလိုက်မိသည်။

ဆူညံသံတွေကြောင့် ပြေး၀င်လာသည့် ကျော်ဇင်မှာ ရှိုက်ကြီးတငင်ငိုနေသည့် Demoကို ကြည့်ပြီး ဘာဆက်လုပ်ရမှန်းမသိအောင်ပင် ဖြစ်သွားသည်။

***************************************
Chapter 28

Elevatorတံခါးက ပိတ်တော့မှာမို့ လွန်းဆက်မှာ နေပါဦးလို့ အော်ပြီး မနည်းပြေး၀င်လိုက်ရသည်။

ဒီတစီးလွတ်ရင် Meetingနောက်ကျပြီလေ။

Elevatorထဲ ရောက်ရောက်ချင်း စောင့်ပေးသည့်လူကို ကျေးဇူးတင်ဖို့ လှည့်ကြည့်တော့ Demo။

“ဟောတော့ ထင်လင်း”

“လူတွေရှိတာမို့ Demoလို့ပဲ ခေါ်ပေးပါ”

“ဟင်”

လွန်းဆက် အံ့ဩစွာဖြင့် လှည့်ပတ်ကြည့်တော့ Elevatorထဲမှာဖြင့် လွန်းဆက်တို့အပြင် ကိုကျော်ဇင်ပဲ ပါသည်။

လွန်းဆက်လုပ်ပြသည့်ပုံစံကို နားလည်သည်ထင်သည်။

“အခုမရှိပေမဲ့ အကျင့်ပါမှာစိုးလို့”

“ရှင်ခေါ်ခိုင်းလို့ ခေါ်တာလေ ၊ ကျွန်မက လျှာရှည်ခေါ်တာလဲ မဟုတ်”

“အင်း Sorry အခု မခေါ်နဲ့တော့ ၊ အထင်လွဲသွားရင် မကောင်းဘူး”

“အထင်လွဲသွားရင်???? ဘယ်သူက? အော် ရည်းစားကလား”

“အင်း”

Demoအသံကြောင့် လွန်းဆက် လှမ်းကြည့်မိသည်။

“တကယ်ရည်းစားလား”

“ကျ‌နော်က ဘာလို့ ညာရမှာလဲ”

“အော်”

မျက်၀န်းထဲက မျက်ရည်တွေက ဘယ်ကငွေ့ရည်ဖွဲ့လာပြန်တာပါလိမ့်။

Demoတို့ မြင်မှာစိုးလို့ ခေါင်းကို ငုံ့ချလိုက်ရင်း Demoလက်က ပတ်တီးကို မြင်တော့ စိတ်က တင်းမထားနိုင်။

“လက်က”

“ဪ ဘာမှမဖြစ်ပါဘူး၊ အာရုံမစိုက်ပါနဲ့”

ပြောပြီး Elevatorတံခါးပွင့်ပွင့်ချင်း ထွက်သွားသည့်သူ့ကြောင့် လွန်းဆက် ထိုင်ငိုချင်သွားသည်။

လှည့်ကြည့်လိုက်သည့် ကိုကျော်ဇင်ကြောင့် မျက်နှာထားကို ပြင်လိုက်ရင်း

“သွားနှင့်နော် ၊နောက်က လိုက်ခဲ့မယ်”လို့ ပြောလိုက်ရသည်။

မျက်နှာမကောင်းသည့်နှစ်ယောက်ကိုကြည့်ရင်း ကျော်ဇင် စိတ်မကောင်း။

တယောက်ကလဲ ပြိုတော့မည့်မိုးလို။ နောက်‌တယောက်ကလဲ ပေါက်တော့မည့်ဗုံးလို။

အချစ်စစ်မှန်ရင် မဖြောင့်ဖြူးဘူးတဲ့လို့ပဲတွေးရင်း ခြေတလှမ်းကို မိုင်နှစ်ဆယ်နှုန်းနဲ့ လှမ်းသွားသည့် တစ်ယောက်နောက်ကိုပဲ အမြန်ပြေးလိုက်ရတော့သည်။


Meeting Roomထဲတွင်တော့ နောက်ထပ်မုန်တိုင်းတစ်ခုတိုက်နေသည်။

နဂိုစီစဉ်ထားသည့် concertအတွက် Event Designer လွန်းဆက်ကို ဖယ်ပေးဖို့ Demoဘက်က တောင်းဆိုသည်။

ကိုကိုက သဘောတူပေးသည်။

လွန်းဆက် စိတ်တိုတိုနဲ့ပဲ Demoကားရှေ့က သွားစောင့်နေမိလိုက်သည်။

ခနနေတော့ Demoထွက်လာသည်။

Demoရှေ့က ပိတ်ရပ်လိုက်ရင်း

“ဘာသဘောလဲ”

“ဘာကိုလဲ”

“ခန ကိစ္စ”

Meetingမှာ ရှင်းအောင်ပြောပြီးပြီထင်တယ်”

“အဲ့တာပဲလား အကြောင်းပြချက်က”

“မဟုတ်ဘူး၊ ကျနော့ကောင်မလေး အထင်လွဲမှာစိုးလို့”

“အရင်ကတောင်….”

“အရင်က အရင် ၊ အခုက အခုပဲလေ။ သူခက်ခက်ခဲခဲ ဖွင့်ချပြထားရတဲ့ဆက်ဆံရေးမှာ ကျနော်က သူစိတ်ငြိုငြင်စေမဲ့အရာ ဘာတခုမှ မလုပ်နိုင်ဘူး။ ပြီးတော့ နောက် ဒီလိုမလုပ်ပါနဲ့ ၊ ကျနော် မကြိုက်ဘူး”


ပြောချင်ရာပြောပြီး ကားပေါ်တက်ထွက်သွားသည့်သူ့ကြောင့် လွန်းဆက်ထိန်းထားရသမျှ ထိုင်ငိုချလိုက်မိသည်။

ကျော်ဇင် ကားမောင်းရင်း နောက်ကြည့်မှန်က လှမ်းကြည့်မိတော့ လွန်းဆက်ငိုနေသည်မို့

“မလွန်းဆက် ငိုနေတယ်”လို့
နောက်လှည့်ပြောတော့ ကျန်တဲ့တယောက်က ကားထဲမှာပင် မျက်ရည်ပင်လယ်။

ကျော်ဇင်အတွက်ကတော့ သက်ပြင်းချလိုက်မိရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်။

ချစ်မိသွားတဲ့အခါWhere stories live. Discover now