Part 9

148 8 0
                                    


Chapter 19

Concertအတွက် သီချင်းတွေပြင်ဆင်နေရင်း စိတ်တိုင်း မကျသေးတာမို့ တနေကုန် studio Roomထဲက သူမထွက်ရသေး။

စိတ်ရှုပ်ရှုပ်နဲ့ ခုံပေါ်မှောက်အိပ်နေရင်း ခုံကို ခေါက်လိုက် သံကြောင့် မော့ကြည့်လိုက်တော့ အငယ် ကောင် လင်းထက်နဲ့ နေသာ။

နေသာက သူ့ထုံးစံအတိုင်း။ တခါတလေ မနာလိုချင်စရာကောင်းလောက်အောင်ပင် နေသာက အမြဲပြုံးနေတတ်သည်။

“ဘယ်လိုလဲ အဆင်ပြေလား”

မျက်နှာကို ရှုံ့မဲ့ကာ‌ ခေါင်းရမ်းပြသောသူ့ကိုကြည့်ရင်း နှစ်ယောက်သား သူ့ကို ရယ်ကြတော့သည်။

“အလုပ်အဆင်မပြေရင် အချစ်ရေးရော၊ အရင်နေ့က ကျော်ဇင်ပြောတာတော့ အချစ်မုန်တိုင်းတိုက်နေတယ်ဆိုလား”

အငယ်ကောင့်အသံကြောင့် Studio Roomထဲက တခြားstaffတွေ ကြားသွားမှာ သူလန့်သွားတာမို့ “လင်းထက်”လို့ပဲ အော်လိုက်တော့ အငယ်ကောင်က သွားဖြီးနဲ့ရီပြရင်း sorry တခွန်းထွက်လာသည်။

နေသာက ရယ်ရင်း “ဘာလဲ မဟုတ်ဘူးလား”

“မဟုတ်ပါဘူး၊ ငါတို့က ဒီတိုင်းရိုးရိုးသားသားပဲ”


သူ့စကားကြောင့် အငယ်ကောင်က “အဟမ်း”ဟု အသံပြုသည်။

သူက လက်သီးပဲ ထောင်ပြလိုက်သည်။

“အဲ့တာဆို ငါအတည်ပြောမယ်ကွာ၊ မင်းအမှန်တိုင်းဖြေ”

“အင်း ဘာမေးမှာလဲ မေးလေ နေသာရာ ၊ ငါတို့ကြားထဲ အဲ့လိုပြောစရာလားကွ”

“မင်း တကယ်ပဲ ကိုဇေယျာ့ညီမ ဘယ်သူ?”

“လွန်းဆက်”

“အေး တကယ်ပဲ လွန်းဆက်ကို စိတ်မ၀င်စားဘူးလား”

Stageပုံကြမ်းရလာတာမို့ Demoကို ပြဖို့ အခန်းထဲ ၀င်တော့မည့် လွန်းဆက်မှာ သူ့နာမည်ကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်သွားသည်။

မေးလိုက်သည့် မေးခွန်းအဖြေကို လွန်းဆက်ကိုယ်တိုင်ပါ သိချင်တာမို့ မကောင်းမှန်းသိပေမဲ့ ဆက်နားထောင်နေလိုက်မိသည်။

အမြဲတမ်း လွန်းဆက်အနားမှာ ရှိနေတတ်တာ ၊ ချေပါတယ်ဆိုတဲ့ လူတစ်ယောက်ဟာ လွန်းဆက်ဘာပဲပြောပြော ငြိမ်ခံနေတတ်တာ၊ လွန်းဆက် တကယ်ပဲ သိချင်မိသည် ။

“အင်း။ တကယ် စိတ်မ၀င်စားဘူး။ ကိုဇေယျာ့ ညီမဖြစ်တာရယ် ၊ အခုတခေါက် အလုပ်ရယ်ကြောင့် ရင်းနှီးရုံပဲ။"

“အင်း ၊ အဲ့တာဆိုလဲ အနေအထိုင် ဆင်ခြင်ကွာ ၊ ဒီလောက်ဆို မင်းသဘောပေါက်ပါတယ် ၊ ကိစ္စတွေက အကြီးအကျယ်ဖြစ်လာရင် မကောင်းဘူး”

“အင်း ၊ ငါနားလည်ပါတယ် ၊
ငါလဲ အလုပ်ကိစ္စကလွဲရင် ကျန်တာ မပတ်သတ်ရအောင် သေချာ ဆင်ခြင်ပြီး နေနေပါတယ်ကွာ၊ ပြီးတော့ ငါ ရည်းစားမထားချင်ဘူး။

ချစ်မိသွားတဲ့အခါWhere stories live. Discover now