Part 10

161 9 0
                                    

Chapter 22

"ကျော်ဇင် အကိုရော"

"ပန်းချီဆွဲတဲ့ အခန်းထဲမှာ"

"အခြေအနေ"

"မသိဘူး လင်းထက်ရာ၊ မနေ့က အဲ့ကိစ္စပြီးကတည်းက အပြင်ထွက်မလာဘူး၊ ခေါ်နေတာလဲ မရဘူး။ ဘာမှမဖြစ်ဘူး ၊အေးဆေးနေချင်လို့ပဲ ပြောတယ်"

"ကိုဇေယျာကရော"

"မနေ့က ချက်ချင်းဖုန်းရတယ်၊ ဖြစ်နိုင်ရင် တခြားနေရာရှောင်နေဖို့နဲ့ မရှောင်ရင်လဲ အပြင်မထွက်ဖို့၊ အကို လိုအပ်တာ အကုန်လုပ်ပေးဖို့နဲ့ ကျန်တဲ့ကိစ္စမှန်သမျှ သူရှင်းပေးမယ်တဲ့"

"အင်း..........အပြင်မှာတော့ ပွက်လောရိုက်နေပြီ"

စကားပြောနေရင်း ဆင်၀င်အောက်ကို အရှိန်နဲ့ ကွေ့၀င်လာသည့်ကားကြောင့် လင်းထက်လှမ်းကြည့်လိုက်တော့ ကိုနေ။

ကားပေါ်ကနေ ခြေနှစ်ချောင်းလုံး မချရသေးခင်မှာပင် ထွက်လာသည့် စကားက

"ထင်လင်း‌ရော"

"အခန်းထဲမှာတဲ့" လင်းထက်ပြန်ဖြေလိုက်တော့ "အင်း"ဆိုပြီး သက်ပြင်းချသံပဲ ထွက်လာတော့သည်။

စကားဝိုင်းက ခနတော့ တိတ်ဆိတ်သွားသည်။ အကြာကြီးနေမှ

"မြတ်လေးက ဘာလို့ အဲ့လိုလုပ်လိုက်တာတဲ့လဲ"ဆိုတဲ့ ကိုနေ့အသံထွက်လာသည်။

"မသိဘူး ကိုနေရာ ၊ အဲ့လောက်လုပ်ရလောက်တဲ့အထိ အကိုက သူ့အပေါ် ဘာမှမလုပ်ဘဲနဲ့၊ ကျနော်ပြောတယ် ၊ အဲ့ကောင်မလေး မမိုက်ဘူးနော် ၊ မရိုးသားဘူး ၊ အရမ်းကြီး မကောင်းနဲ့ဆိုတာကို ၊ အဲ့အကိုက ဘယ်တော့မှ စကားနားမထောင်ဘူး"

"ငါလဲ ပြောပါတယ်ကွာ ၊ ဘာမှမပြောဘဲ ပျောက်သွားကတည်းက တခါတည်း သေချာရှင်းဆိုတာကို ၊ အဲ့လောက်ကြီး မလိုပါဘူးတဲ့၊

သူလဲ ဘာအပြစ်မှ ရှိတာမဟုတ်ပါဘူးတဲ့ ၊ အခုချိန်မှာ ငါ့ဘက်ကပါ အရမ်းကြီး ထရှင်းရင် သူ့ဘက်ကရမဲ့ ဒဏ်ရာက ပိုကြီးမယ်တဲ့၊ အချိန်တန်ရင် ပြီးသွားမှာပါတဲ့ ၊

ဒါက အချိန်တန်ပြီးတာမျိူးလား။အခုကျ ဘယ်သူပဲ ခံရလဲ ၊ သူပဲ ခံရတာပဲ မဟုတ်လား"

ကျော်ဇင့်ဆီက စကားသံအပြီးမှာ ၃ယောက်လုံး လုပ်နိုင်တာကတော့ သက်ပြင်းရှည်ကြီး တချက်ကို ပြိုင်တူချလိုက်မိခြင်းသာ။


"ဟူးးးးးးးးးးးးးးးး"

**************************************


Chapter 23

ကားရပ်လိုက်သည့် အသံကြောင့် လွန်းဆက် လှမ်းကြည့်လ်ုက်တော့ ကိုကို။

"ကိုကို အခြေအနေ"

"Concertတော့ ဆက်လုပ်မှာပါ"

"ကိုကိုကလဲ concertကအရေးကြီးလို့လား၊ ညီမလေးက ထင်လင်းကိုပြောတာ"

"မသိဘူးလေကွာ ၊ နဂိုကတည်းက Demoကို အမြင်မကြည်တဲ့သူဆိုတော့ စိတ်မ၀င်စားဘူးထင်လို့ပေါ့၊ အလုပ်နဲ့ပတ်သတ်တဲ့ concertကိုပဲ မေးတာထင်တာပေါ့"

"ကိုကိုနော်"

"စတာပါကွာ ၊ အပြင်မှာ တချိန်လုံး အသက်တောင် ၀အောင်မရှူခဲ့ရလို့ ကိုယ့်ညီမလေးတွေ့တုန်း ခနစတာ ၊


အဆင်ပြေသွားမှာပါ ၊
ကာယကံရှင် ကောင်မလေးကိုလဲ ဆက်သွယ်နေတယ် ၊ ဘာလို့ အဲ့လိုသတင်းတင်တာလဲဆိုတာနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့၊ အမှန်မဟုတ်ကြောင်း ပြန်ပြောဖို့၊ အခြေအနေအရက ကိုကိုတို့ဘက်က အရမ်းကြီး ငြင်းလို့‌ေတာ့ မရဘူး"


ငြိမ်သွားသည့် ညီမလေးခေါင်းကို လှမ်းပုတ်ရင်း

"ကဲ ကိုကို ရေချိုးလိုက်ဦးမယ်"

အပေါ်ကို တက်သွားသည့် ကိုကို့ကို လှမ်းကြည့်ရင်း လွန်းဆက်ချထားသည့် ဖုန်းကို ဖွင့်ကြည့်လိုက်မိသည်။

ခနက ဖွင့်ထားသည့်အတိုင်း Facebookမှာ လွန်းဆက်ကြည့်လက်စဖြစ်နေသည့် ခေါင်းစဉ်တစ်ခုကို ပြန်မြင်လိုက်ရသည်။

"တကယ်ပဲ Demoက အချစ်ကို တွေ့ရှိခဲ့ပြီလား?"

"အချစ်ဆိုတာ ကျနော့အတွက်မလိုအပ်ပါဘူး၊ ကျနော့အတွက် သီချင်းတွေဖန်တီးဖို့နဲ့ ကျနော့ကိုချစ်တဲ့ ကျနော့ပရိသတ်တွေ ပျော်ရွှင်ဖို့က အဓိကပါဆိုတဲ့ Demoက ချစ်ရတဲ့ကောင်မလေး ရှိလာတဲ့အခါ ဦးစားပေးနံပါတ်စဉ်တွေ ပြောင်းလဲသွားမလား?"

"လွန်ခဲ့တဲ့၂နှစ်က ၀န်မခံခဲ့ဘဲ အခုမှ ၀န်ခံရခြင်းအကြောင်းတရားက ဘာလဲ?"

"သူတို့ချစ်ရတဲ့Idolအတွက် ဒုတိယအကြိမ် စိတ်မဆင်းရဲရအောင် Idolချစ်တဲ့သူကို လက်ခံပေးပါမယ်ဆိုတဲ့ Demoရဲ့ Fanတွေမှ ဆုတောင်းစကားများ"

Social mediaတိုင်းမှာ ဒီသတင်းတွေပဲ တွေ့နေရတာမို့ လွန်းဆက် ဖုန်းကိုပဲ ပြန်ချထားလိုက်မိသည်။


ဘာလို့ရယ်မသိ......ရင်ထဲမှာ နေလို့မကောင်းပါ။


ချစ်မိသွားတဲ့အခါWhere stories live. Discover now