Part1*

2.4K 110 5
                                    

Unicode

"Jungkook  သား​ရေအ​မေ့ရှီလာခဲ့အုံး"

ဂိမ်း​ဆော့​နေတုန်းအ​မေ့​ခေါ်သံ​ကြောင့်jungkookစိတ်ထဲ​ထောင်းခနဲ
အခြားဂိမ်းမ​ဆော့တဲ့အချိန်ကျဘာမှမခိုင်းဘူးဂိမ်း​ဆော့လို့ပွဲ​ကောင်း​နေပြီဆိုမှ
​တစ်ခုမဟုတ်တစ်ခုခိုင်းတယ်တကယ်ပဲ!!!

"အ​မေရာ သားဂိမ်း​ဆော့​နေလို့ပြီးမှလာခဲ့မယ်"

Jungkookအ​ပေါ်ထပ်က​နေပဲလှမ်း​​အော်​ပြောလိုက်သည်

"Jungkook!!ခုလာမလားဂိမ်းစက်အသိမ်းခံမလား"

"လာပြီလာပြီတ​စေအဲ့ဒါနဲ့ပဲခြိမ်း​ခြောက်​နေတယ်အ​မေတိူ့ကစိတ်ဓါတ်!!!"

ပွစိပွစိ​ပြောကာ​အောက်ဆင်းလာတဲ့jungkook​ကြောင့်seoyin(jk mom)ကြိတ်ရီ​မိသည်

​"အဟမ်း!​ရော့ ဒီ​နေ့အ​မေမုန့်လုပ်လို့​ဘေးအိမ်ကအသစ်​ပြောင်းလာတဲ့​ကျောင်းဆရာလးကိုသွား​ပေးချည်"

"​ဘေးအိမ်​လေးကိုအ​မေသွား​ပေးတာမဟုတ်ဘူး"

"Banana milkကုန်​နေပြီမလား"

"​ဘေးအိမ်ပဲလားကျန်တဲ့အိမ်​တွေ​ရော​ပေး​ပေးရအုံးမလား"

"​ဘေးအိမ်ပဲပို့​ပေးbanana milkကြိုက်တာက​တော့တကယ့်မင်းအ​ဖေအတိုင်းပဲ"

Jungkookက​တော့​လေ​လေးတချွန်ချွန်နဲ့ထွက်သွား​လေသည်

​ဒေါက် ​ဒေါက်

တံခါး​ခေါက်​လိုက်​သော်လဲလူ​ရောက်မလာ​သော​ကြောင့်jungkookလှမ်း​ခေါ်လိုက်သည်

"ဗျို့!အိမ်ရှင်တို့!!"

ဘာမှတုံ့ပြန်သံမကြားရ​သော​ကြောင့်jungkookစိတ်ညစ်သွားရသည်

ဂျ​လောက်!

တံခါးဖွင့်သံ​ကြောင့်jungkook​မော့ကြည့်လိုက်​တော့

"Oh....my...fucking..shitttt!!!!​စောက်ရမ်းလှတယ်"

စိတ်ထဲမှ​ရေရွတ်လိုက်မိသည်

"ဘာကိစ္စရှိလို့လဲ.."

အိပ်ချင်မူးတူးနဲ့​ကျောင်းဆရာဆိုသူကလုံး၀နတ်ဘုရားအလား
အိပ်ချင်မူးတူးရုပ်က​လေးက​တောင်အဲ့​လောက်လှ​​နေတာ​ကြောင့်jung kook
လိုလူ​တောင်​ငေးမိသည်

Love between US♡Where stories live. Discover now