Part 6.

1.3K 66 4
                                    


Unicode
အခန်းထဲထိ လက်ကိုချိတ်ထားက ပုခုံး​ပေါ်အမှီမပျက်​သောYoonhee​ကြောင့်jungkookတကယ်ပင်စိတ်ရှုပ်မိသည်

​ကျောင်း​​ခေါင်း​လောင်းထိုးလို့ ကိုယ့်​နေရာကိုယ်၀င်ထိုင်​တော့လဲ ထိုင်ခူံ​ပေါ်လက်​ထောက်ကာ ကျ​တော့်ကိုချည်းကြည့်​နေတာ​ကြောင့် လူက​နေရခက်တာအမှန် ဘယ်​လောက်ပဲ​စော်ကြည်ကြည် ဒီလို​ပေါ်တင်ကြီးလာကြည့်​တော့လဲ
ဘယ်သူမဆို​နေရခက်မှာပင်

"အဟမ်း! စာသင်မယ် စာအုပ်ထုတ်"
ထိုအခါမှပဲ အကြည့်လွှဲသွားပါ​သောသူမ​ကြောင့်သက်ပြင်း​လေးချနိုင်​တော့သည်

ကျောင်းသား​တွေလဲ ကိုယ့်​နေရာကိုယ်အသီးသီးပြန်ထိုင်ကြကာ စာအုပ်​တွေလှန်​​လှောထုတ်ကြသည်

Jungkook သတိထားမိပါသည် ဆရာဒီမနက်မျက်နှာမ​ကောင်းတာ
ပြီး​တော့ Yoonheeကိုလဲ တစ်ချက်တစ်ချက်စိုက်ကြည့်​နေတတ်​သေးသည်​လေ

အဟက်! Yoonheeကို​တော့အားနာမိ​ပေမယ့် ငါ့အတွက်က​တော့ ဆရာ့ရဲ့အချစ်​တွေကိုပိုင်ဆိုင်ရဖို့ကပိုအ​ရေးကြီးတာမို့...

_____________________________

"ဆရာ​ရေ ကျွန်​တော်လာတယ်"

"ဒီ​နေ့ငါမအားဘူး ပြန်​တော့"

"ဘာလို့မအားတာလဲ ဆရာပဲ​ပြော​တော့စာ​မေးပွဲနီးလို့ခုရက်​မပျက်​စေနဲ့ဆို"

"အင်း ဒါ​ပေမယ့် ငါကြင်ဖက်သွား​တွေ့စရာရှိလို့ ညကျမှပြန်လာခဲ့"

"ဘာ!ဆရာဘာ​ပြောလိုက်တာ"

"ကြားတဲ့အတိုင်းပဲ​လေ ငါကြင်ဖက်သွား​တွေ့မလို့လို့"

"ဆရာ! အဲ့​ဒါ​ဆိုကျွန်​တော်က​ရော"

"​ညကျပြန်လာခဲ့​လေ"

"ဆရာ! ကျွန်​တော်အတည်​ပြော​နေတာ​နော် ဆရာကျ​တော့်ခံစားချက်​တွေကိုလျစ်လျူမရှုပါနဲ့"

"မင်းဘာ​တွေ​ပြော​နေတာလဲ Jeon jungkook!မင်းနဲ့ငါက ဆရာနဲ့တပည့်ဆက်ဆံ​ရေးထပ်မပိုဘူး​နော်"

"ဆရာပဲ​ပြော​တော့ ကျ​တော့်ကိုစဥ်းစား​ပေးမယ်ဆို"

"အဲ့ဒါကလား...အင်းမ​သေချာဘူး ကဲဖယ်​တော့ ငါ​နောက်ကျ​နေပြီ"

Love between US♡Where stories live. Discover now