Part 26

385 32 10
                                    

နှစ်အနည်းငယ် ကြာလွန်ခဲ့ပေမယ့် ကုတင်ပေါ်က Taehyung ကတော့ နိုးထလာခြင်းတောင်မရှိခဲ့ပေ။
ဆရာဝန်တွေကလက်လျှော့ရန် အတန်တန်သတိပေးသော်လည်း သူမရယ့်သားလေးကိုသူမအမှားတွေအတွက် တောင်းပန်ချင်ပါသေးသည် သူမကိုခွင့်မလွှတ်ရင်တောင်မှပေါ့

Yoongiဟာလတိုင်း ဆေးရုံကိုလာ‌ပေမယ့် jungkookအကြောင်းဆို သိပ်မပြောတော့ပေ

စီးကျလာတယ့် မျက်ရည်တွေနဲ့အတူ ချောင်ကျသွားတယ့်Taehyungရယ့် မျက်နှာလေးကိုသာ ကိုင်ရင်း တဖွဖွပြောနေမိသည့် စကားမှာ

"အမေမှားသွားပါတယ်သားရယ် အမေသာ သားကိုခွင့်ပြုခဲ့ရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး အမေ့အမှားတွေကိုအမေသိပြီမို့ သတိရလာပါတော့လားကွယ်"

Taehyung အားတစ်ကိုယ်ရေသန့်ရှင်းဖို့အချိန်ရောက်နေပြီမို့ ရေဇလုံနှင့်သပတ်တစ်ထည်ကိုယူကာ သူမ ရေချိုးခန်းထဲထွက်လာခဲ့သည်

ရေနွေးစပ်ပြီး သပတ်ကို ရေစွတ်ကာ ထွက်လာတယ့်အချိန်မှာ သူမမြင်လိုက်ရတယ့် အရာကြောင့် ရေဇလုံကိုလက်ကပစ်ချမိသွားပြီး သူမ ကိုယ်တိုင်လည်း အပူလောင်သွားခဲ့သည်

Taehyung ဟာ သူမကို ကုတင်ပေါ်ကနေ လှဲနေသည့် အနေအထားအတိုင်းစိုက်ကြည့်နေခဲ့သည်။

"သား...."

သူမ ပါးစပ်တွေဟာ အာစေးကပ်သလို ဘာမှပြောမရခဲ့ပေ

သူမ ကုတင်ထိပ်က အရေးပေါ်ခလုတ်ကိုနှိပ်ကာ ဆရာဝန်တွေအလာကိုသာ စောင့်နေခဲ့သည်

သားဖြစ်သူအနားကိုလည်းမသွားဝံ့သလို သူမရယ့် စပ်ဖျင်းကာနာကျင်နေတယ့်ခြေထောက်ကိုလည်းဂရုမပြုဝံ့ပါ

ဆရာဝန်နဲ့သူနာပြုတွေဟာ အပြေးအလွှာရောက်လာခဲ့ပြီး Taehyungရယ့် နှလုံးခုန်နှုန်း သွေးအားတွေကိုစစ်ဆေးကာ အကုန်ကောင်းမွန်မှန်းသိလိုက်ရပြီးနောက်မှာ သူမသက်ပြင်းအနည်းငယ်ချမိသည်

သို့ပေမယ့်..

"ဘယ်သူတွေလည်း...ပြီးတော့ကျွန်တော်ဘယ်ရောက်နေတာလဲ"

ထွက်ပေါ်လာတယ့်Taehyungရယ့်စကားကြောင့် သူမအပါအဝင်ဆရာဝန်တွေရယ့်အပြုံးကိုယ်စီပျောက်ဆုံးသွားကာ Taehyung ရယ့် အခြေအနေကို နားလည်သဘောပေါက်သွားပြီး

Love between US♡Where stories live. Discover now